Home

Sunday, September 5, 2010

Xp ရဲ့ ရိုးရှင်းတဲ့လျှို့ ၀ှက်ချက် (၄၀)

(၁)
Start Menu ကို ပိုမိုမြန်ဆန်စေဖို့

Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry

editor ကိုဆိုလိုတာပါ။)

ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ

“control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို
ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click
နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့
Restart ပြန်လုပ်ပါ။

(၂)

မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon
exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃)

မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။

- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး
ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့
အကြောင်း ပြောလာတတ်ပါတယ်။)

(၄)

မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။

- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅)

Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean
Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ
မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ်
သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)

(၆)

မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ်
အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇)

လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်း
ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့
ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer
ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈)

Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား
လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။
ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory
ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable
pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉)

ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။

ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့

နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ
အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့
ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name
ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀)

ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့

အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ
pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ်
extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို
ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension
တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က
(.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd)
နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့
ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁)

ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။

Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။

- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ
ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂)

Hibernate မလုပ်ပါနဲ့။

Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ

ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင်
စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း
မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃)

Memory နည်းပါးနေတဲ့ အခါ

အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ

‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက်
လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature
အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို
သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory
မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င်
ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့
သင့်တော်ပါတယ်။
- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို
ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့်
အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက်
ကောင်းပါတယ်။

(၁၄)

Automatic update ကို ပိတ်သင့်ပါသလား။

အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို

ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။ အဆိုးကတော့ browser မှာ
ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက်
ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို
ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅)

ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆)

‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ
“C:/Windows/system32/shutdown.
exe”ကို ရွေးပေးပါ။ (XP.SP2
သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon”
အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇)

Keyboard shotcut တွေကိုသုံးပါ။

Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste

အဲဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့်
နိုင်ပါတယ်။

(၁၈)

Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။

ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက်

သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို
အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။ Photoshop လို ပရိုဂရမ်မျိုးဟာ
ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို
အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ
တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း
အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ
ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း
စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉)

Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်

အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့

စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ်
ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ
font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား
လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။

(၂၀)

Shift + Delete ကို သတိထားပါ။

ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ

ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို
နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား
အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး
သုံးစွဲပါ။

(၂၁)

Error report ကို ပယ်ဖျက်ပါ။

ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ

ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’
box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’
Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂)

‘Open-with’ ဆိုတာ

ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window

media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့
ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့
လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို
ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။
စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ
ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့
ဖွင့်လို့ ရပါတယ်။

(၂၃)

Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။

Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့

တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က
ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄)

Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။

ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း

ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး
စီစဉ်ထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅)

IE ရဲ့ homepage ကို Blank လုပ်ထားပါ။

IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ်

ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို
ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည်
စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user
blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆)

Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။
အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇)

‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ
ခွေးကလေးကို ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈)

Network အတွင်းလေ့လာ ကြည့်ခြင်း

ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင်

My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး
ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password
ရယူရပါမယ်။ My Network places မှာ ‘view word group computer’
ကိုရွေးလိုက်။ အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉)

MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀)

Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း

ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး

ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့
ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး
paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’
ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ
တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)

(၃၁)

Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ
တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို
အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား
ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂)

Pop-up တွေကို လက်မခံပါနဲ့။

Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့

အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။ IE
ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up
ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့
နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။

(၃၃)

Toolbar ပြုပြင်ခြင်း
- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို
ပေါင်းထည့် ပေးပါ။

IE အတွက်ကတော့

- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက်
ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့်
မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄)

Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear
History ကို ကလစ်နှိပ်ပါ။ ‘Cache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ်
ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data”
တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး
ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ
့မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool
တစ်ခုပါ။

(၃၅)

Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall
လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ
အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆)

Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။

များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင်

ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–
- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို
right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇)

Restore point ကို ဖျက်ပစ်ပါ။

ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း

အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ
ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော
လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up >
More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈)

တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk Defragmenter
ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊
တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool
ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို
အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉)

‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့

‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive
တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့
ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀)

မြန်မြန်ဆန်ဆန် Lock လုပ်နည်း

‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။

အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည်
ဝင်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။ 


(ကိုးကားချက်)
http://sanlinpaing.webs.com/

Run command box အတွက် shortcuts code များ

%allusersprofile% ................. * ကွန်ပျုတာကို သုံးနေတဲ့သူ အားလုံးရဲ့ Profile တွေရှိနေတဲ့ နေရာကို ပြပေးပါတယ်။
%appdata% .................* အသုံးချဆော့ဖ်ဝဲတွေရဲ့ အချက်အလက်တွေ သိမ်းထားတဲ့ နေရာပါ။
%comspec% .................* Command shell တကယ် အလုပ်လုပ်နေတဲ့ နေရာ။
%homedrive% .................* လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive နေရာ။
%homepath% .................. * လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive လမ်းကြောင်း။
%logonserver% ..................* လက်ရှိဝင်သုံးနေတဲ့သူရဲ့ Domain Controller
%programfiles% ..................* ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတဲ့ နေရာ
%systemdrive% ..................* ၀င်းဒိုးရဲ့ ပင်မ Directory
%systemroot% ..................* ၀င်းဒိုးရဲ့ ပင်မ Root Directory
%tmp% သို့မဟုတ် %temp% ..........* လက်ရှိသုံးနေတဲ့ ဆော့ဖ်ဝဲတွေ အလုပ်လုပ်လက်စ ဖိုင်တွေရှိရာနေရာ
%username% .................* လက်ရှိသုံးနေတဲ့သူ အမည်
%userdomain% .................* လက်ရှိသုံးနေတဲ့ Domain အမည်
%userprofile% ..................* လက်ရှိသုံးနေတဲ့သူရဲ့ Profile ရှိရာနေရာ
%windir% ..................* OS တင်ထားတဲ့ နေရာ
 
 

Windows XP Control Panel အားအသုံးပြုခြင်း

ကွန်ပျူတာတစ်လုံးမှာ control panel ဟာအခြေခံအကျဆုံးနဲ့ user တိုင်းအတွက် မရှိမဖြစ်မသိမဖြစ် လို အပ်ပါတယ်..ဘာကြောင့်လဲဆိုေ တာ့ system management နဲ့ ပက်သက်တာကို ဒီနေရာက နေ အများကြီးလုပ်ဆောင်နိုင်လို့ ပဲဖြစ်ပါတယ်..ခေါင်းစဉ်က xp အတွက်လို့ ရေးထားပေမဲ့  အခြား OS ဖြစ်တဲ့ windwos vista နဲ့ windows 7 တွေမှာလည်းအနည်းငယ်ခြားနားမှုလေး တွေသာရှိပါတယ်.. detail မဟုတ်ပေမဲ့ အနည်းဆုံးတော့ ကွန်ပျူတာမှာ အနည်းငယ်တိုင်းစောင်းမှုလေးတြွေ ဖစ်လာရင် control panel ထဲမှာ မိမိဘာသာမိမိ ဆောင်ရွက်တတ်စေဖို့ အတွက်အောက်မှာ လေ့လာနိုင်ပါ တယ် ခင်ဗျာ..


Accessibility Options
Accessibility options မှာ keyboard,mouse ,display နဲ့ sound setting တွေကို ပြုပြင် ပြောင်းလဲ ပေးနိုင်တယ်..
Add Hardware
Windows ကနေပြီးတော့မှ သူမှာတပ်ဆင်ထားတဲ့ hardware device တွေကို မမှတ်မိတော့တဲ့အခါဒီ Add Hardware မှာလာပြီးတော့ add လုပ်ပေးရပါတယ်..
Add or Remove Programs
အကယ်၍ များ software တွေကို ထပ်ထည့်မယ် uninstall(remove) လုပ်မယ်ဆိုရင် ဒီ Add or Remove Programs မှာလာပြီးတော့ပြင်ပါတယ်..ဆိုပါစို့ မိမိကွန်ပျူတာမှာ software တစ်ခုက အကြောင်းအမျိုးမျိုးကြောင့်  ဖြုတ်ရတော့မယ် uninstall လုပ်မယ်ဆိုရင် ဒီကနေ မလိုချင်တဲ့  ဆော့ဝဲကို Double click ခေါက်ပြီးတော့ အဆင့်ဆင့် uninstall လုပ်နိုင်တယ်..(uninstalle r tools တွေကိုသုံးပြီးတော့လဲ Remove လုပ်နိုင်တယ်)
Administrative Tools.
ကွန်ပျူတာ managementပြုလုပ်ခြင်း၊မော်နီတာ ရဲ့ performance ပြုပြင်ခြင်း၊windows ရဲ့  security ပိုင်းဆိုင်ရာကိုဆောင်ရွက်ခြင်း ၊ကွန်ပျူတာရဲ့ service တွေကို Administering လုပ်ခြင်းတွေကို ဆောင် ၇ွက်နိုင်တယ်..
Automatic Updates
ကွန်ပျူတာက ဘယ်လို update လုပ်မလဲ ဘယ်အချိန်မှာ Update လုပ်မလဲ လာရောက်ပြုပြင်ပေးထားလို့ ရတယ်..ဘယ်ချိန်မှာ installer packet တွေကို ဒေါင်းလုပ်လုပ်မှာလဲ..Inst aller packet တွေကိုဒေါင်းလုပ်မလုပ်ခင် userကိုမေးဦးမှာလား စတဲ့ setting တွေကို ပြုလုပ် ထားနိုင်တယ်….
Bluetooth Devices
ကိုယ်က Bluetooth devices အသုံးပြုနေသူတစ်ယောက်ဖြစ်ေ နလျင် ဒီမှာ Bluetooth ကို Add ပေးထားရပါတယ် မသုံးတော့ဘူးဆိုရင်လည်း ဒီနေရာကပဲ remove လုပ်နိုင်တယ်..
Date and Time.
အတော်များများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒီ Date and Time setting ကတော့ ရက်စွဲ အချိန်တွေ နေရာတွေကို လာရောက်ပြုပြင်နိုင်တယ် ကွန်ပျူတာမှာ date time မှားနေရင်လည်း ဒီ option ကပဲ လာရောက်ပြုပြင်ပေးနိင်တယ်…ကိုယ် က Date and Time အမှန်တိုက်ထားပါလျက်နဲ့  ခနကြာတဲ့  အခါ မှားယွင်းစွာပြနေတာကတော့ cmos battery အားနည်းသွားတာဖြစ်နိင်ပါတယ်..
Display.
Display setting က မော်နီတာပေါ်မှာမြင်ရတဲ့ မြင်ကွင်းတွေအားလုံးကို မိမိလိုသလိုပြုပြင်ပြောင်း လဲနိုင်တဲ့ နေရာတစ်နေရာဖြစ်တယ်..မော်နီတာရဲ့ resolution တွေ color depth တွေ ကိုချိန်ညှိ ပေးနိုင်တယ် desktop background နဲ့ screensaver တို့ ကိုမိမိ ထားချင်တဲ့ Setting ပုံစံအတိုင်းပြု လုပ်ပေးနိုင်တယ်….
Folder Options

ကွန်ပျူတာထဲမှာရှိတဲ့ file အနေထား folder အနေအထား တွေကိုပြင်နိုင်တယ်..file တွေကို hide လုပ်ထားတာလား virus တွေက hide file အနေနဲ့ ဝင်နေတာလားဆိုတာ ဒီ folder option ရဲ့  viewsMenu ကနေကြည့်နိုင်တယ်..ဖိုင်ရဲ့ extension တွေကိုဖော်ပြထားချင်တယ်…securit y tab တွေကို hide လုပ်မယ်ဆိုရင် ဒီနေရာကပဲ လာရောက် management လုပ်နိုင်တယ်..တခါတစ်ရံ mouse က Single click ၀င်နေတာမျိုးဖြစ်ခဲ့ရင် လည်းပြုပြင်ပြောင်းလဲနိုင် တဲ့နေရာတစ် နေရာဖြစ် တယ်..folder option က virus ရေးတဲ့ သူတွေရဲ့  tarket တစ်ခုအဖြစ်ထားခြင်းကိုခံရပါတယ် ဘာကြောင့်လဲဆိုတော့ folder option ကနေထိန်းချူပ်နိုင်တဲ့ နေရာက အများအပြားဖြစ်နေလို့ ပါပဲ..
Fonts
ဒီ Fonts option မှာ တစ်ခုထက်မကပိုတဲ့ font မျိုးစုံသုံးစွဲတဲ့အခါမှာ လာရောက် ထည့်သွင်းပေး ရပါတယ် ဥပမာ ဇော်ဂျီဝမ်းသုံးနေတယ်ဆိုပါ စို့ မိမိက win innwa ဖောင့်နဲ့  စာစီစာရိုက်လုပ်ချင်တဲ့  အခါ စက်ထဲမှာ win အင်းဝ font ရှိနေဖို့ လိုပါတယ်..win innwa font သွင်းထားမှသာလျင် မိမိလိုချင်တဲ့ win innwa font ပေါ်မှာဖြစ်ပါတယ် ဒါဆိုရင် win innwa font ကို မိမိက copy ကူးပြီးတော့ ဒီ Fonts ဆိုတဲ့ နေရာလေးမှာ paste လုပ်ပေးလိုက်ရင် သုံးလို့  ၇ပြီဖြစ်ပါတယ်..အခြား fonts များကိုသွင်းတာလည်းထိုနည်းတူပါပဲ..
Game Controllers
မိမိက game ကစားတဲ့သူဖြစ်တယ် joystick , steering wheel စတဲ့  game တွေဆော့တော့ မယ်ဆိုရင် အချို့ သော joystick ကကွန်ပျူတာကမသိတဲ့အခြေနေတွေမှာ ဒီမှာလာပြီးတော့ Add လုပ်ပေးရတယ်..ခုနောက်ပိုင်းတော် တော်များများမှာတော့ Auto detect သိတာများပါ တယ်.. သိပ်ထွေ ထွေထူးထူးလုပ်စရာမလိုပါဘူး…
Internet Options
အင်တာနက် အသုံးပြုတဲ့အခါမှာ web browsing ပိုင်းဆိုင်ရာတွေကိုပြုပြင်ပြော င်းလဲခြင်း ၊လုံခြုံရေးဆိုင်ရာ web history ကို သတ်မှတ်ခြင်း ၊connection တွေကိုထည့်ခြင်း ဖြုတ်ခြင်း proxy setting တွေကိုပြုပြင်ခြင်း စတာတွေကိုလုပ်ဆောင်နိုင်တဲ့ နေရာဖြစ်တယ်..
Keyboard
ကီးဘုတ်ရဲ့ စာရိုက်နှန်း အနှေးအမြန် cursor ရဲ့ အနှေးအမြန်နဲ့  blink rate တွေကိုသတ်မှတ်နိုင် တယ်..တစ်ခါတရံ Driver ကြောင့်ကီးဘုတ်က ရိုက်လို့ မရတော့ဘူးဆို၇င် update driver လုပ်ပေးဖို့  လိုအပ်လာတဲ့အခါ hardware ဆိုတဲ့ အောက်မှာ update driver လုပ်ဆောင်ပေးနိုင်တယ်
Mouse
Mouse speed တိုးခြင်းလျှော့ခြင်း၊ scrolling အနှေးအမြန်ြပုလုပ်ခြင်း၊mo use pointer ကိုပြုပြင် ပြောင်းလဲခြင်း စတဲ့ Adjusting လုပ်ငန်းကို လုပ်ဆောင်နိုင်တယ်..
Network Connections
Network connection အသစ်တည်ဆောက်ခြင်း connection setting ပြုပြင်ခြင်းနဲ့  troubleshooting လုပ်ခြင်းတို့ ကို ဒီ network connection ကနေလုပ်ဆောင်နိုင်တယ်..loc al area network ပေါ်မှာ right click ထောက်ပြီး properties ကိုသွားရင် network နဲ့  ပတ်သက် တဲ့ specifications တွေကိုလေ့လာနိုင်တယ်..
Phone and Modem Options
မိမိကွန်ပျူတာမှာ dialup connection အသုံးပြုဖို့ အတွက် modem တပ်ဆင်ထားတယ်ဆိုရင် modem နဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆော င်နိုင်တဲ့ နေရာဖြစ်တယ်
Power Options
Power options က ကွန်ပျူတာရဲ့ power setting တွေကို Adjust လုပ်နိုင်တယ် windows ကနေပြီးတော့ မတူညီတဲ့ power scheme တွေကိုတည်ဆောက်ထာတယ်..moni tor ကိုဘယ် အချိန်မှာ အနားပေးမယ်..stanby mode ဖြစ်နေတဲ့အချိန်မှာ hard disk power ကို Turn off လုပ်မယ် မလုပ်ဘူးဆိုတာကို save လုပ်ထားနိုင်တယ်..power hibernation လုပ်ခြင်းကိုဒီနေရာကနေလုပ်ဆောင် တယ်..hibernation လုပ်တယ်ဆိုတာ မိမိက အကြောင်းအမျိုးမျိုးကြောင့်ကွန် ပျူတာရှေ့ ကနေ တစ်နာရီ ၂ နာရီကျော်ကြာကြာထွက်ခွာသွားပြီ ဆိုရင်ကွန်ပျူတာက သူ့ အလိုလိုအလျောက် hard disk, monitor နဲ့  လက်ရှိလုပ်နေတဲ့အလုပ် တွေအားလုံးကိုခဏနားလိုက်ပါတယ်.. user က ကွန်ပျူတာရှေ့ ကိုပြန်ရောက်လို့ ကီးဘုတ်(သို့  ) mouse ကိုထိလိုက်တာနဲ့ အလျင်အမြန်ပြည်လည်ပြီးတော့အလုပ်လုပ်ပါတယ်..အဲလို လူမရှိတဲ့ အချိန်မှာ computer sleep ဖြစ်နေပြီး user ပြန်ရောက်လာတဲ့အခါ လျင်မြန်စွာ quickly wake up လုပ်တာကို hibernation လို့ ခေါ်ပါတယ်..
Printers and Faxes
ကိုယ့်မှာ printer ရှိမယ်ဆိုရင် control panel ထဲမှာ printer ကို install လုပ်ရပါတယ် ဒါမှ ကွန်ပျူတာကသိမှာဖြစ်တယ်..A dd printer wizard တည်ဆောက်ပြီးမှ printer ကိုအသုံးပြုလို့  ရမှာဖြစ်တယ်..printer sharing ယူတဲ့ စက်မှာကျတော့ Add printer wizard ကိုဆောက်စရာမလိုပါ ဘူး..printer နဲ့ ကွန်ပျူတာချိတ်ဆက်ထားတဲ့ စက်တစ်လုံးသာ လျင်လုပ်ဆောင်ရမှာဖြစ်တယ်. .
Regional and Language Options
ဘာသာစကားတစ်ခုထက်ပိုတဲ့  language တွေကိုအသုံးပြုရတဲ့အခါမှာ ဒီနေရာမှာ လာပြီးတော့ add ပေးရတယ်..တရုတ်၊ဂျပန်၊ရုရှား စတဲ့  language တွေကို add ပေးလိုက်တာနဲ့ အသုံးပြုနိုင်တယ် ..သီးသန့် ဆော့ဝဲနဲ့ တင်ပေးစရာမလိုတော့ဘူး..ကီးဘုတ်မှ ကီးတွေ ရိုက်လို့ ကိုယ်လိုချင်တဲ့  language မထွက်တဲ့အခါမျိုး၊key setting Adjust လုပ်နိုင်တယ်..Alt+shift+C trl
ကီးတွေကို မိမိစိတ်ကြိုက်ပြောင်းပြီးတော့ထားနိုင်တယ်..
Scanners and Cameras
Scanner အသစ်ဆိုရင် ကွန်ပျူတာက ကိုယ်တပ်ဆင်လိုက်တဲ့ scanner ကို သိဖို့  ဒီနေရာမှာ လာပြီးတော့Add ပေးရတယ်…
Schesduled Task
ကွန်ပျူတာအသုံးပြုသူအနေဖြင့်အလု ပ်များလို့ ပဲဖြစ်ဖြစ် ကွန်ပျူတာကို ဘယ်အချိန်ကျရင် maintainance လုပ်မယ်ဆိုရင်ပဲဖြစ်ဖြစ်မေ့နေရင် Scheduled Tasks ဆွဲပြီး လုပ် ဆောင်နိုင် တယ်..ဥပမာ defragment လုပ်မယ်ဆိုပါစို့ တစ်ပတ်မှာ ဘယ်နေ့ ဘယ်အချိန် မှာ defragmenent လုပ်မယ်ဆိုပြီးတော့ သတ်မှတ်ပေးလို့ ရပါတယ်..တစ်ခုတော့ရှိတယ်..sche duled tasks ဆွဲထား တဲ့အတိုင်းဖြစ်စေချင်တယ်ဆိုရင် ကွန်ပျူတာတော့ဖွင့်ထားဖို့ လိုမယ်..
Security Center
Computer Security နဲ့ ပက်သက်တဲ့ virus protection ပြုလုပ်ခြင်း automatic updates ပြုလုပ်ခြင်း firewall on/off ပြုလုပ်ခြင်း စတဲ့ လုပ်ငန်းတွေကိုလာေ၇ာက်ပြီးပြု ပင်ပြောင်းလဲနိုင်တယ်
Sounds and Devices
အသံနဲ့ ပက်သက်တဲ့ sound setting ကိုပြုပြင်ပြောင်းလဲလို့ ရနိုင်တဲ့ နေရာဖြစ်ပါတယ်..volume ကိုmute (ပိတ်ထားခြင်း)လုပ်ခြင်း taskbar မှာ speaker icon ထားခြင်း/ဖြုတ်ခြင်း sound channel ကို2.1(သို့ )5.1 ထားခြင်းစတာတွေကိုပြုလုပ်နိုင်တ ယ်..
Speech Properties
ကွန်ပျူတာမှ document တစ်ခုမှ text တစ်ပုဒ်ကို အသံထွက်ဘာသာပြန်ခိုင်းတယ်ဆိုပါစို့  အဲလိုဘာသာပြန်ရာမှာဒီနေရာက နေ မိမိလိုသလို အနှေးအမြန် သတ်မှတ်ပေးနိုင်တယ်….
System.
System ကနေဘာလုပ်လို့ ရနိုင်သလဲဆိုရင် computerရဲ့  configuration တွေ hardware profileတွေ ကို detail ကြည့်ရှု့ နိုင်တယ်..Device manager ကိုလဲသွားနိုင်တယ် virtual memory(page file ) တွေသတ်မှတ်ပေးနိုင်တယ်..ကွန်ပျူ တာတစ်လုံးနဲ့ တစ်လုံး remote desktop နဲ့ ဆက်သွယ်မယ်ဆို Allow ပေးဖို့ အတွက် Remote Desktop ကိုသုံးပြုနိုင်တယ်..
Taskbar and Start Menu.
Taskbar နဲ့ start menu မှာ မိမိလိုချင်တဲ့ icon တွေကို ဘယ်icon တွေကိုတော့ ထားမယ်/ဖြုတ်မယ်..taskbar ကို hide လုပ်မယ်/မလုပ်ဘူး စတာတွေပြင်နိုင်တယ်..
User Accounts.
User account တွေလုပ်မယ်..password ပေးမယ်(သို့ )password ကို remove လုပ်မယ်.account type တွေ change မယ် Account ရဲ့  icon တွေကို မိမိလိုချင်တဲ့ icon ပြောင်းလဲမယ်..စတာတွေကို လုပ်နိုင်တယ်..
Windows Firewall
Windows firewall on/off လုပ်မယ်ဆိုရင် ဒီနေရာမှာပြင်နိုင်တယ်..ဘာကြောင့်fire wall on/off
လုပ်ရသလဲဆိုရင် တစ်ချို့ သော sharing file တွေကျတော့ workgroup မှာလာလာညှိတတ်လွန်းလို့  firewall ကို off လုပ်ထားပေးမှရတာတွေရှိတယ်… နောက် virus အန္တရယ် ကိုလဲကာ ကွယ် ပေး နိုင်တယ်..
Wireless Network Setup Wizard
အချို့ သောWireless network ကိုအသုံးပြုမယ်ဆိုရင် စက်မှာအရင် setupလုပ်ပေးရတယ်..setup လုပ်ပေးဖို့ လိုအပ်တယ်ဆိုရင် ဒီနေရာမှာလုပ်ပေးရမယ်..ခုနောက်ပိုင်း တော်တော်များများတော့ တန်းချိတ်လို့ ရပါတယ်..



(ကိုးကားချက်)


မြန်မာချက်အွန်လိုင်း

Hard disk ကို Defragment ဘာကြောင့်လုပ်သင့်သလဲ

ကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHa rd disk ထဲမှာ 
သိုလှောင်ထားတဲ့ ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။ 
Fragemented ဖြစ်တယ်ပေါ့ဗျာ။
Hard disk ကြောင့် ကွန်ပျူတာ ထိုးရပ်သွားခြင်းကိုကာကွယ် ဖို့ အတွက်ဆိုရင် အကောင်းဆုံးက
Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။
Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများ သိပြီးသားဖြစ်ပေမယ့်လည်း ပြည့်ပြည့်စုံစုံလေး ဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။  


Disk Defragmenter ကိုအသုံးပြုဖို့အတွက်
Start>All Programs>Accessories>System Tools>Disk Defragmenter သို့သွားပါ။
ဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။

ပြီးရင်တော့ Defragment ခလုပ်လေးကိုနှိပ်ပြီး လုပ်လိုက်ရုံပါဘဲ။ 
ဒါပေမဲ့ ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။ 
Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြု လုပ်ရပါဘူး။ 
ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ Defragement
လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ 

Task Scheduler အကြောင်းကို သီးသန့်ထပ်ရေးပါမယ်။
Hard disk မှာ Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ 

တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ
အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။ 

ဒါကြောင့် Hard disk ကိုပုံမှန်ရှင်းလင်းပေးထား ပြီး Free space များများရအောင် ပုံမှန်ထိန်းထားသင့်ပါတယ်။
Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်ြး ဖင့်
Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ 

Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ 
Hard disk မှာ Error ရှိမရှိကို လစဉ်စစ်ဆေးသင့်ပါတယ်။ 
Start>Progr ams>Accessories>System Tools>Scan Disk  
သို့ဝင်ရောက်ပြီး Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။
ရံဖန်ရံခါမှာ Start Menu အောက်မှာ Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။

ဒီလိုဆိုရ င်တော့ စစ်ဆေးလိုတဲ့ Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။
Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။

System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရ င် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါ။

Hard disk မှာ Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ် ပြီး
Start ကိုနှိပ်လိုက်တာနဲ့ စစ်ဆေးစရာရှိတာများကို အလိုအလျှောက် စစ်ဆေးသွားပါလိမ့်မယ်။ 
ဒီလို စစ်ဆေးနေစဉ်မှာ Hard disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့် ပါဘူး။
အဆင်ပြေကြပါစေဗျာ....


(ကိုးကားချက်)

http://www.myanmarchatonline.org/for...?topic=14616.0

Window တင်ပြီးရင် လိုအပ်တဲ့ applications တွေ စုထားပေးထားပါတယ်

2010.Window Post Installation Latest Software Collections!!! 
Free Download From Mediafire !!!




1.Microsoft office 2007 ultimate

2.Microsfot office 2010 Full Silent Install

3.Microsoft office 2003

4.Adobe Acrobat 9 Pro Full

5. Portable All Office Converter Platinum v6.4




Utilities ***All Full Versions***

1.TuneUp Utilities 2010 9.0.4400.16

2.Your Uninstaller Pro v7.0.2010.13

3. Uniblue.Registry.Booster.2010. v4.7.0.10

4.Uniblue.DriverScanner.2010.2.2 .0.0

5.Speed Up MyPC 2010 4.2.6.2

6.Uniblue.PowerSuite.2010.v2.1.8 .2

7.Uniblue.SpyEraser.v2.0.1.1565

8.UniblueDiskRescue2009.v.1.0.0. 9

9.Windows 7 Manager v1.2.5

10.Yamicsoft Vista Manager v4.0.4

11.Yamicsoft WinXP Manager v7.0.0

12.USB.Safely.Remove.v4.2.4.845

13.Portable.HJSplit.v2.3

14.DVD Shrink 3.2.0.15

15.CCleaner 2.33.1184

16.Auslogics Disk Defrag 3.1.7.140

17.unlocker1.9.0

18.ImgBurn.2.5.1.0

19.Power ISO 4.7








Antivirus and Internet Security


1.Kaspersky Internet Security 2011 11.0.0.232 Final with keys and Kaspersky Trial Reset v3.2

2.Norton.Internet.Security.2011

3.AVG Internet Security 9.0.839

4.F.Secure.Internet.Security.201 0.v10.12.108

5.Panda.Internet.Security2010

6.McAfee.Internet.Security2010

7.Bitdefender.internetsecurity.2 010

8.Trend.Micro.Internet.SecurityP ro2010

9.PC.Tools.Internet.Security2010 .v.7.0.0.545

10.Eset.NOD.32.4.2.40.0

11.ZoneAlarm Extreme Security Pro 9.1 Build 508

12.CA.Internet.Security.Suite.201 0.6.0.0.261

13.Quick.Heal.Total.Security.2010

14.Ad4ware.Pro.Internet Security 2010 v.8.2

15.Avast Antivirus Professional + Avast Internet security 5.0.507 Full

16.Auslogics Antivirus 2010.v.13.0.20.Full




Compression
1.WinRar v3.93 Full

2.WinZip Pro 14.5.Build.9095

3.7-Zip 9.15 Beta (32-bit)




Downloading Tools


1.Internet Download Manager v.6 Full Silent Install

2.uTorrent 2.0.3 Beta 20516





Myanmar Font
1.Complete Myanmar Font Collections






Video and Audio Tools

1.DivX Plus 8.1.0.Full

2.Cowon.JetAudio.v8.0.7.1000.Plu s.VX

3.BS.Player 2.54 PRO Build 1038

4.Spider Player Pro2.4.5

5.Quicktime Pro v.7.66.71.0

6.Winamp Pro 5.58 Build 2975

7.Windows Media Player 11.0.5721.5262

8.VLC Player.v.1.1.0

9.SUPER.Multimedia.Player

10.Songbird.1.7.3.1700

11.Real Player SP Gold

12.Quintessential Player 5.0

13.QuickTime.Alternative.322

14.Media Player Classic6.4.9.1

15.KMPlayer 2.9.4.1436

16.K-Lite.Codec.Pack.610.Mega

17.iTunes 9.2 (64.bit).

18.iTunes 9.2 (32-bit)

19.GOM Player 2.1.26.5021

20.Audacity 1.3.12 Beta

21.Any Video Converter 3.06

22.CyberLink Power DVD Ultra 3D v10.0.1714




Browsers

1.Firefox 4.0 Beta 2

2.Chrome 6.0.458.1

3.Opera 10.60

4.Safari 5.0

5.SeaMonkey 2.0.5

6.Avant Browser 2010.Build 8

7.Flock 2.6.1

8.Browser.Prowler.v.2





Imaging

1.ImageResizer-2.0Vista and window7

2.ImageResizerPowertoy.XP

3.FastImageResizer.v.098

4.Advanced.JPEG.Compressor.2010. v8.1.96

5.Fast Picture Viewer

6.FastStone Image Viewer 4.2

7.XnView v1.97.6

8.VSO Image Resizer 4.0.0.46

9.The Gimp 2.6.10

10.Picasa 3.6

11.Paint.NET.3.5.5

12.IrfanView 4.27

13.Inkscape-0.47-3

14.Google Earth 5.2.1

15.Fresh View 7.98





Messaging And Chat

1.Googletalk 1.0.0.104 Beta

2.VZOchat 6.3.4

3.Skype 4.2.0.169

4.Yahoo Messenger 10.0.0.1270

5.Windows Live Messenger 2010 Beta

6.Thunderbird 3.1

7.Pidgin-2.7.1

8.Oovoo 2.8.0.37





Window Activators
1.Window Xp,Vista and Window 7 Activator

2.Window 7 Loader 1.8.7 by Daz

3.2010 Window Vista Activators Collections

4.Windows XP.Vista.Office Activator.Genuine.Maker.2.6

5.Win XP SP2 Activator

6.Genuine XP

7.Microsfot Office 2010 Working Activator



Special Download

1.Microsoft Original Window 7 ultimate Build 7600

1.Microsoft Original Window XP Professional Service Pack 3

2.Golden XP Professional SP3 Corporate Edition

3.Genuine Window XP Ultimate 2010 SP3

4.Windows 8 Ultimate Xtreme Edition x86 By Bro Chitmgmgster

5.Windows Diamond Ultimate 2010 version 3.0 (XP SP3) By Bro IP

6.Download Adobe Photoshop CS5 Full

7. Silent Install Driver pack collections for xp,vista,window7


(ကိုးကားချက်)

http://www.mmitd.com/forum/topics/window-applications

Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း...

ကိုယ့်ရဲ့ Gtalk က လူတစ်ယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ 
အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ 
ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ 
offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက် (chat) ကြည့်ပါ။
ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄)..............@gmail.com is offline and can’t receive messages right now.
လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history
ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါ.....ပြီးရင်.. ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲ ဟဲ..။


(ကိုးကားချက်)

http://www.apytz.net/forum/showthread.php?t=12392

mail အဟောင်းက ဘော်ဒါတွေကို mail အသစ်ထဲသို့ အကုန်ပို့ချင်သူများအတွက်

အခု ပြောမှာက mail အကောင့် အဟောင်းထဲက လူတွေ အကုန်လုံးကို အကောင့်အသစ်ထဲကို အကုန်လုံး ပေါင်းထည့်ချင်တယ်ဆိုရင်တော့ တစ်ယောက်ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခု က သူငယ်ချင်း အကုန်လုံးကို နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။

အရင်ဆုံး gmail ထဲကို ၀င် ။
(အကောင့်အဟောင်းနော်) ။ 

အခု နောက်ပိုင်း mailက style တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် composemail , inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။

အဲ့ဒါဆိုရင် အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး ပေါ်လာပါလိမ့်မယ် ။
 

အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ... နှိပ် ။
အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခု ပေးပါလိမ့်မယ် ။ 
သူ့ အလိုလို .csv file ကို ရွေးပြီးသားမို့ ဒေါင်းလုပ်လုပ်လိုက်ပါ ။ 
တစ်နေရာရာမှာ save လိုက်ပေါ့ ။

ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် ..
ခုန က အဆင့်တွေအတိုင်းပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ် .. ။

ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကို ရွေးပေးလိုက်ရင်
မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံး အကောင့်အသစ်ထဲကိုတစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။ 

အဆင်ပြေကြပါစေ ခင်ဗျာ ။

(ကိုးကားချက်)

Myanmar IT Development

gmail ကို တစ်ခုမက ဖွင့်ချင်သူများအတွက်

အရင်ဆုံးကတော့ gmail ဖွင့်ပေါ့ဗျာ။
ဖွင့်ပြီးရင်တော့ gmail ထိပ်ဆုံးမှာ ရှိတဲ့ help ကို နှိပ်လိုက်ဗျာ။
့help နှိပ်လို့ ပေါ်လာရင် ထိပ်ကပဲ my account ဆိုတာကို နှိပ်လိုက်ပါဦးဗျာ။
နှိပ်ပြီးရင်တော့

ဒီလိုလေးတွေ့ရမယ်ပေါ့ ( ခုလို တစ်ခုတည်းတော့ ဟုတ်ဘူးပေါ့. လိုချင်တာကို ပြတာမို့ပါ)
Personal Settings

Security
DashboardEmail addresses
  • ufufufufuf.7@gmail.com (Primary email)
  • Edit
Multiple sign-inအဲ့လိုတွေ့ရရင် Multiple sign-in . off မှာပေါ်တဲ့ Edit ကို  ကလစ်လိုက်ပြီး on ပြောင်းလိုက်ပါနှော်..

ကလစ်ပြီးရင်တော့
On - Use multiple Google Accounts in the same web browser. on ကို ဖြည့်ပါ။
Select each of the checkboxes below to confirm you understand how to use multiple sign-in:
  • The account you’re currently using is displayed at the top of most Google product pages, or at the bottom of most pages on mobile devices. Always check to make sure you’re using the account you want.
  • Not all Google products support multiple sign-in. When switching between Google products, the account you’re currently using may change.
  • Google products not listed above will default to the first account that you signed in to using your current web browser session.
  • Offline Mail and Offline Calendar will be disabled. You may lose any unsent mail. Learn more
အမှန်ခြစ်လေးတွေကို 4ကွက်လုံး အကုန်ဖြည့်ပါ။
ပြီးရင်တော့ SAVE လုပ်ပေါ့နော်။
ဒါပြီးရင်တော့ .....

အဲ...... ပြီးပြီပေါ့နော်။
ဘော်ဒါတို့ရဲ့ အကောင့်လေးတွေကို sign out လုပ်ပြီး ပြန် sign in လုပ်လိုက်ပါ..

ဒီလိုမျိုးလေး ဘော်ဒါတို့ရဲ့ အကောင့်မှာ ပေါ်လာမှာ အသေချာပေါ့ဗျာ။
ufufufufuf.7@gmail.com | My Account | Help | Sign outufufufufuf.7@gmail.com
Sign in to another account…

G-Talk အသုံးပြုနည်းလေး

1) Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
2) Call ကိုပြန်ပိတ်ချင်ရင်တော့
F12 နော် ။
3) Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့
F9 ဗျ ။
4) Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ
( _ ) ခံပေးပါ ။
5)
CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
6) Window တွေကို minimize လုပ်ဖို့က
Alt+Esc နော် ။
7)
Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
8)
Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
9)
Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ်။      (Mouse မလိုအောင်နော်)
10)
Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
11) စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ
( * ) ခံပေးပါ။
12)
Ctrl+c က copy ၊ Ctrl+v က paste နော် ။
13) Gtalk က notification area ထဲရောက်နေရင်
windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
14) ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတ က်လာရင်
right click နဲ့ပိတ်လိုက် ။
15) Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို
Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။
16)
window နဲ့ m နဲ့က firefox ကို minimize လုပ်ထားလို့ရ ပါတယ်။
      ပြန်ဖွင့်ချင်ရင်တော့
window shift ကိုဖိပြီး m ကိုနိုပ်ပါ။
18) Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။

      ( စမ်းသပ်မကြည့်ဖူးဘူး )

ဒီလောက်ပဲ ကျနော် ရှာတွေ့ပါတယ်။ ရှာတာကလည်း တစ်ခြားသူရေးထားတာလေးကို ပြန်ကူးပေးတာမို့ပါ။ မူရင်း ရေးတဲ့ ပုဂ္ဂိုလ်တော့ မသိတော့ဘူး။ ရှိတော့ ရှိမှာပါ။ (ဟီးး) ဒီထက်သိလို့ ပြောပြရင် စိတ်မဆိုးတက်ဘူးနော်..

Gmail နှင့်အတူ ဖိုင်များ ပူးတွဲပေးပို့ (Attachment) သည့်အခါ Mozilla Firefox 3.6 နှင့် Google Chrome အသုံးပြုသူများ ဖြစ်ပါက၊ ယခင်သုံးနေကျ "Attach a file" နည်းလမ်းအပြင်၊ ဖိဆွဲပြီး လွှတ်ချ (Drag and Drop) သည့် အမြန်နည်းလမ်းကို သုံးနိုင်ပြီ ဖြစ်သည်။ အောက်ပါ ရှင်းလင်းချက်များ၊ နမူနာ သရုပ်ဖော်ပုံများနှင့် ဗီဒီယိုကို ကြည့်ပါ။
Firefox 3.6 သို့မဟုတ် Google Chrome ကိုသုံးပြီး Gmail သို့ Sign In ပါ။ 

  1. ပေးပို့လိုသည့် ဖိုင်များရှိသော Folder ကိုဖွင့်ထားပါ။ ပုံ (၁)
  2. ဖိုင်များကို ရွေးပါ။ တစ်ခုထက် ပိုများပါက Ctrl+Click ဖြင့် ရွေးပါ။
  3. (Firefox သို့ Google Chrome ဖြင့်) ဖွင့်ထားသည့် Gmail အတွင်းသို့ ဖိုင်များကို Mouse ဖြင့် ဆွဲထည့် (Drag) ပါ။
  4. Gmail window အတွင်း Drop Files Here, To add them as attachments ဟု ပေါ်လာမည်။ ပုံ (၂)
    ထိုနေရာတွင် Mouse ကို လက်လွှတ် (Drop) လိုက်ပါ။
  5. Gmail က သင်လွှတ်ချလိုက်သည့် ဖိုင်များကို ဆွဲယူနေသည်ကို စတင်မြင်တွေ့ရမည်။ အားလုံးပြီးသွားပါက ကျွန်တော်တို့ ပေးပို့လိုသည့် ဖိုင်များကို ပေးပို့ရန် အဆင်သင့် ဖြစ်နေသည်ကို မြင်တွေ့ရမည်။ ပုံ (၃)
  6. မှတ်ချက် - တခြားနေရာများတွင် Drop လုပ်ပါက နေရာလွဲသွားသည့်အတွက် မည်သည့်လှုပ်ရှားမှုကိုမျှ မြင်ရမည် မဟုတ်ပါ။
  7. ကျန်ရှိနေသည့် အခြားသော အင်တာနက်ကြည့် ဆော့ဖ်ဝဲများတွင် လောလောဆယ် မရသေးပါ။ သို့သော် ထိုဆော့ဖ်ဝဲများကို ထုတ်လုပ်သူများဘက်မှ အဆင်သင့်ဖန်တီးပေးသည်နှင့် ဤနည်းလမ်းကို သုံးနိုင်မည် ဖြစ်ကြောင်း Gmail Team က ပြောကြားထားသည်။ 

ပုံ (၁) - ပေးပို့လိုသည့် ဖိုင်များနှင့် Gmail ကို ဖွင့်ထားစဉ်



ပုံ (၂) - ပေးပို့မည့် ဖိုင်များကို ဆွဲယူ လွှတ်ချ (Drag & Drop) နေစဉ်


ပုံ (၃) - ယခုအခါ Gmail မှ ကျွန်တော်တို့ ပေးပို့လိုသည့် ဖိုင်များကို ပေးပို့ရန် အဆင်သင့် 
          ဖြစ်နေပြီ ဖြစ်သည်။

(ကိုးကားချက်)

 http://mmshare.org/node/170/