သူရဲကောင်းတစ်ဦးပေါ့
ရန်သူနဲ့ တစ်ဦးချင်း စီးချင်းထိုးလို့
နိုင်တာ မဟုတ်ပါဘူး ။
ပြည်သူအားလုံးကို ကယ်တင်နိုင်ခဲ့လို့လည်း
မဟုတ်ပါဘူး ။
ချစ်သူရဲ့ နုညံ့လှတဲ့ ပုခုံးလေး
ကျနော့်ရင်ခွင်ကို
မှီတွယ်ထားတာကြောင့်ပါ ။ ။
သူကြွယ်ကြီးတစ်ဦးပေါ့
ကုဒေရှစ်ဆယ်ပိုင်တာကြောင့်
မဟုတ်ပါဘူး ။
လောကစည်းစိမ်အများအပြား
ခံစားခွင့်ရလို့လည်း
မဟုတ်ပါဘူး ။
ချစ်သူကို နွေးထွေးလုံခြုံသွားစေမယ့်
အနမ်းပွင့်တွေ
ရက်ရက်ရောရော
ပေးနိုင်ခဲ့လို့ပေါ့ ။ ။
အသောက
Thursday, September 22, 2011
ဥတုရာသီ သူ့ကို မှီ
ဒီကမ္ကာကြီးမှာ
အပူအအေးအမျှတဆုံး
ဒေသတစ်ခု ရှိပါတယ် ။
အဲ့နေရာကတော့
ကျနော့်နှုတ်ခမ်းလေးကို
နေထိုင်ခွင့်ပေးတဲ့
သူမရဲ့
ပါးဖောင်းဖောင်းနုနုလှလှလေးပါပဲ ။
အသောက
အပူအအေးအမျှတဆုံး
ဒေသတစ်ခု ရှိပါတယ် ။
အဲ့နေရာကတော့
ကျနော့်နှုတ်ခမ်းလေးကို
နေထိုင်ခွင့်ပေးတဲ့
သူမရဲ့
ပါးဖောင်းဖောင်းနုနုလှလှလေးပါပဲ ။
Wednesday, September 21, 2011
Subscribe to:
Posts (Atom)