သူငယ်ချင်းကောင်း ယောက်ဖကြီးရေ . . . .
မင်းနာမည်အစက ရန်နဲ့ စတယ်၊
ငါက အောင်နဲ့ စတယ်၊
ဒီတော့ မင်းက ငါ့ကိုခေါ်တယ်အောင်နက်တဲ့၊
ငါကလည်း ပြန်ခေါ်တာပေါ့ ရန်လုံတဲ့၊
မင်းနဲ့ ငါကတော့ ခွေးလေးဖြစ်လိုက် ခွေးကြီးဖြစ်လိုက်နဲ့ပေါ့၊
ဒါပေမယ့် ငါတို့
တစ်ယောက်တစ်ယောက် စိတ်မဆိုးကြဘူးနော်။
သူငယ်ချင်းကောင်း ယောက်ဖကြီးရေ . . . .
မင်းက စိတ်ကူးကောင်းတဲ့ သူ၊
ငါကလည်း ရည်ရွယ်ချက်ကောင်းတဲ့ သူ၊
ဒီတော့ တစ်ယောက်တစ်ယောက် လေးစားစွာခေါ်ကြပြန်တယ်၊
မင်းက ငါ့ကို ဗိုလ်ချုပ်လေးရေတဲ့၊
ငါကလည်း မင်းကို လင်ကွန်းကြီးရေတဲ့၊
ဒါပေမယ့် ငါတို့
တစ်ယောက်တစ်ယောက် ဘ၀င်မခိုက်/မာနမကြီးခဲ့ကြဘူးနော်။
သူငယ်ချင်းကောင်း ယောက်ဖကြီးရေ . . . .
မင်းကတော့ လယ်/ယာနဲ့လေ၊ ငါမှာတော့ ဘာမှရှိဘူး၊
ဘာမှတော့မဆိုင်ပါဘူး၊
မင်းက တောင်သူကြီးဖြစ်တဲ့ အချိန်မှာ ငါကတော့
မလေးရှားမှာပေါ့ကွာ၊
ဒီတော့ မင်းက နွားချေးကျုံးရင်း ငါ့ကို သတိတရ စာရေးခဲ့တယ်၊
ငါကလည်း အမှိုက်လှည်းရင်း စာရေးခဲ့တာပေါ့လေ၊
ဒါပေမယ့်
ငါတို့တစ်ယောက်တစ်ယောက် ဘာကြီးပဲဖြစ်ဖြစ် ကြိုးစားကြတယ်။
သူငယ်ချင်းကောင်း ယောက်ဖကြီးရေ . . . .
မင်းမှာလည်း ညီမလေးရှိတယ်၊
ငါမှာလည်း ညီမလေးရှိတယ်၊
ဒီတော့ တစ်ယောက်တစ်ယောက် ယောက်ဖကြီးရေတဲ့လေ၊
မင်းနဲ့ငါကတော့ နှမလေးကို ပေးလိုက် ပြန်တောင်းလိုက်နဲ့ပေါ့ကွာ၊
ဒါပေမယ့်
ငါတို့ သူ့နှမ ကိုယ့်နှမ ညီတူမျှတူ စောင့်ရှောက်ကြတယ်။
သူငယ်ချင်းကောင်း ယောက်ဖကြီးရေ . . . .
ငါနဲ့ မင်းနဲ့ ထပ်တူ စိတ်တူရှိတယ်၊
ငါတို့လိုပဲ စိတ်တူ ထပ်တူရှိတဲ့ ဘော်ဒါတွေ ရှိကြမယ်၊
ဒီလိုပဲ ငါတို့ မြန်မာလူမျိုးတွေက အပေါင်းအသင်းတွေကို သိပ်ချစ်ကြတယ်၊
ဒါပေမယ့်
ငါတို့တွေ ခုထိ မညီညွတ်ကြသေးဘူးကွာ။
ငါတို့တွေ ခုထိ မညီညွတ်ကြသေးဘူးကွာ။
ငါတို့တွေ ခုထိ မညီညွတ်ကြသေးဘူးကွာ။
အသောက
ဘ၀မှာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းဆိုတာ လူတိုင်းရှိကြပါတယ်/ ဒါပေမယ့် သိပ်ညီညွတ်ကြတဲ့ သူငယ်ချင်းတော့ ရှားမှာပေါ့ဗျာ။
ဒီလိုပါပဲ ကျနော်တွေ ရှားနေပါတယ်။ ဒီတိုင်းပဲ နေနေကြပါတယ် ၊ မသိဝိုးတ၀ါးလေးတွေအဖြစ်နဲ့ပေါ့ဗျာ။