Home

Sunday, December 25, 2011

Window အတူတက်လာသော Program များ တက်မလာအောင်


1.       Run မှာ -- msconfig လို့ ရိုက်ထည့်ပါ။
2.       Statup Bar မှာ မတက်စေ့ချင်တဲ့ Program တွေကို အမှန်ခြစ်ဖြုတ်ပါ။
3.       OK

Power Supply ကောင်းမကောင်း စစ်ဆေးခြင်း


Power Supply ရဲ့ Main Power Connector မှာ Green (အစိမ်းရောင်ကြိုး) နှင့် Black (အနက်ရောင်ကြိုး) နှစ်ပင်ကို Wire ကြိုး အလွတ်တစ်ချောင်းနဲ့ (Join) ဆက်သွယ်လိုပ်ပါ။ Fun လည်ရင် Supply အလုပ်လုပ်ပါတယ်။
                             *****(Power ပေးမှ Fun လည်မှာနော်)*****

USB Port အသုံးပြုလို့မရအောင် ပိတ်ထားခြင်း


1.       Run -- Regedit --  HKEY-LOCAL-MACHINE -- SYSTEM -- Current Control Set -- USBSTOP ကို -- Click တစ်ချက်နှိပ်။
2.       ညာဘက်ခြမ်းက Start ကို Click နှိပ်။
          ( Edit Dword < Box > ပေါ်လာမည် )
3.       အဲ့ဒိ Box က Value Data မှာ ( 3 ) ပြထားတာကို ( 4 ) ပြောင်းပေးပါ။
4.       OK

Run Box မှာ Drive နှင့် Folder တွေကို တစ်ခုချင်း အမြန်ဖွင့်ချင်ရင်


1.       ဖွင့်ချင်တဲ့ Drive နှင့် Folder ကို -- Right Click -- Desktop (Create Shortcut)
-- Yes
2.       Desktop ပေါ်ရောက်တဲ့ အဲ့ဒိ Shortcut ကို -- Right Click  -- Cut လုပ်ပါ။
3.       ပြီးရင်တော့ My Computer ð Drive C: ( Window System တင်ထားတဲ့ Drive ) ထဲက -- Windows Folder ထဲမှာ -- Paste လုပ်ပါ။
4.       အဲဒိ့ Shortcut ကို Run Box မှာ အမြန်ဖွင့်ချင်ရင် ကိုယ်ကြိုက်တဲ့ အမည်ကို Rename လုပ်ပြီးပေးပါ။

           *****ဒါဆိုရင် သင်လုပ်ထားတဲ့ Run အတွက် Shortcut Key လေးရပါပြီ။*****

Folder နှင့် File ဖျောက်ခြင်း


***** File Name ဖျက်ထားတဲ့ အဆင့်ကို ပြီးမှလုပ်လို့ရမှာပါ။*****

1.       Folder -- Right Click  Properties -- Customized Tab -- Change Icon -- လွတ်နေတဲ့ Icon နေရာကို ရွေးပါ။ -- OK
2.       ဒီဖျောက်ထားတဲ့ Folder ကို ပြန်ရှာချင်ရင်တော့ Ctrl +A (Select All) လုပ်လိုက်ရင် ဖျောက်ထားတဲ့ Folder သေးသေးလေးကို တွေ့ရပါလိမ့်မယ်။

File Name ဖျက်ခြင်း


Name ဖျက်ချင်တဲ့ File name ကို ကုန်အောင်ဖျက်ပါ။
ဖျက်ထားပြီးတာနဲ့ Alt+0160 (သို့) Alt+255 တွဲနှိပ်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင် သင့် File ရဲ့ Name လေး ပျောက်သွားပါလိမ့်မယ်။

ဗုဒ္ဓဘာသာဝင်များအတွက် သိသင့်သောအချက်အချို့

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ  

၁။  ကကုသန်မြတ်စွာဘုရား
၂။  ကောဏဂုံမြတ်စွာဘုရား
၃။  ကဿပမြတ်စွာဘုရား
၎။  ဂေါတမမြတ်စွာဘုရား
၅။  အရိမေတ္တေယျမြတ်စွာဘုရား   ( နောင်ပွင့်တော်မှုမည်။ ) 

သာသနာတော်သုံးရပ်

၁။ ပရိယတ္တိ သာသနာ   = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ    = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ    = ထိုးထွင်းသိမြင်ခြင်း

ရတနာသုံးပါး

၁။ ဘုရား                          
၂။ တရား                                   
၃။ သံဃာ

ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ

မြတ်စွာဘုရား၏ ဖခမည်းတော်အမည်         = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည်              = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ               = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည်                     = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော်                  = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော်                       = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်   = မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊ ရွှေအိုးကြီးလေးလုံး၊
                                                            ညီတော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်
                                                    

 သံဝေဇနိယ လေးဌာန 

၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ်             = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ      = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ  = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ                          = ကုသိနာရုံ

Sunday, December 18, 2011

အရိမေတ္တေယျဘုရား

ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလ၀ံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန်တော့လိုက်ပါတယ် ဘုရား ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် “အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။”

အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ်။ (သုံးချက်ထဲပါ )

သားမြေးတို့အတွက် ကြိုးစားကြစို့

ငါ သာလျှင် တော် ၊
သူ မတော် ဟု
လူတော် ထင်ပါ ၊

တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ကြွားရင်းနှင့် နစ် ၊
ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊
တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

အကောင်း ဆိုးထင် ၊
ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊
တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

သူ့ကို ငါညှိုး ၊
ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊
တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့်
နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့။   

မင်းသုဝဏ်

သူငယ်ချင်းသို့

ဟေ့.. သူငယ်ချင်း
မင်းရဲ့ကိုယ်ကျင့်
သင့် မသင့်လည်း
မင်းနဲ့သာဆိုင်
ငါ မပိုင်တည်။

ငါရဲ့ကိုယ်ကျင့်
သင့် မသင့်လည်း
ငါနဲ့သာဆိုင်
မင်း မပိုင်တည်။

ဗုဒ္ဓမြတ်စွာ
ဟောပြတာက
ကျက်သရေရှိအောင်
ထွန်းလင်းပြောင်ဖို့
လုပ်ဆောင်တာလည်း
ကိုယ်သာတည်။

ကျက်သရေမဲ့အောင်
နိမ့်ကျအောင်လည်း
လုပ်ဆောင်တာက
ကိုယ်သာတည်။
ဟေ့.. သူငယ်ချင်း
ဘယ်သူမပြု မိမိမှုဟု
ဗုဒ္ဓစကား
ဓမ္မများကို
လိုက်နာကြစို့ သူငယ်ချင်း။

အရှင်ကောသလ္လ(မစိုးရိမ်)

Thursday, September 22, 2011

Hero (R) Boss

သူရဲကောင်းတစ်ဦးပေါ့
ရန်သူနဲ့ တစ်ဦးချင်း စီးချင်းထိုးလို့

နိုင်တာ မဟုတ်ပါဘူး ။
ပြည်သူအားလုံးကို ကယ်တင်နိုင်ခဲ့လို့လည်း
မဟုတ်ပါဘူး ။

ချစ်သူရဲ့ နုညံ့လှတဲ့ ပုခုံးလေး
ကျနော့်ရင်ခွင်ကို
မှီတွယ်ထားတာကြောင့်ပါ ။  ။


သူကြွယ်ကြီးတစ်ဦးပေါ့ 
ကုဒေရှစ်ဆယ်ပိုင်တာကြောင့်
မဟုတ်ပါဘူး ။
လောကစည်းစိမ်အများအပြား
ခံစားခွင့်ရလို့လည်း 
မဟုတ်ပါဘူး ။

ချစ်သူကို နွေးထွေးလုံခြုံသွားစေမယ့်
အနမ်းပွင့်တွေ
ရက်ရက်ရောရော
ပေးနိုင်ခဲ့လို့ပေါ့ ။  ။
အသောက

ဥတုရာသီ သူ့ကို မှီ

ဒီကမ္ကာကြီးမှာ
အပူအအေးအမျှတဆုံး
ဒေသတစ်ခု ရှိပါတယ် ။


အဲ့နေရာကတော့
ကျနော့်နှုတ်ခမ်းလေးကို
နေထိုင်ခွင့်ပေးတဲ့


သူမရဲ့
ပါးဖောင်းဖောင်းနုနုလှလှလေးပါပဲ ။

အသောက

Wednesday, September 21, 2011

ကဗျာဆိုဒ်များ

ဟာသဆိုဒ်များ

ဗုဒ္ဒဘာသာဆိုဒ်များ



ကာတွန်းဆိုဒ်များ