Home
Sunday, December 26, 2010
ရာသီဖွားများ
HyperLink HyperLink HyperLink HyperLink HyperLink HyperLink
Aries Taurus Gemini Cancer Leo Virgo
21Mar-19Apr 20Apr-20May 21May-21Jun 22Jun-22Jul 23Jul-22Aug 23Aug-22Sep
HyperLink HyperLink HyperLink HyperLink HyperLink HyperLink
Libra Scorpio Sagittarius Capricorn Aquarius Pisces
23Sep-22Oct 23Oct-11Nov 22Oct-21Dec 22Dec-19Jan 20Jan-18Feb 19Feb-20Mar
(ကိုးကားချက်)
aLLchannal
မိန်ရာသီဖွား
Pisces
မိန်ရာသီသည် ရှေးကျမ်းများအလိုအရ (Zeus) ဇု အမည်ရှိကြာသပတေးဂြိုဟ်မှ ပိုင်ဆိုင်သည်။ ခေတ် သစ်ကျမ်းများတွင်ကား ဤရာသီကို ပိုဆိုက်ဒွန် (Poseidon) အမည်ရှိ နပ်ပကျွန်းဂြိုဟ်မင်းမှ ပိုင်စိုးသည်။ ပိုဆိုက်ဒွန်သည်ကား ရှေးဟောင်းဂရိဒဏ္ဍာရီတွင် ရေပြင်အလုံးစုံကို ပိုင်ဆိုင်သောနတ်မင်းကြီးဖြစ်သည်။ အလွန်နက်ရှိုင်းသော ရေပြင်သမုဒ္ဒရာတွင် နေထိုင်သည်။ ပြင်းထန်သော လေမုန်တိုင်းများ၊ ကြီးမားသော ရေ
လွှမ်းမိုးမှု လှိုင်းတံပိုးများနှင့် ဒီရေတက်ကျခြင်းနှင့်တကွ ငလျင်လှုပ်ခါခြင်းကို ပိုင်စိုးသော တန်ခိုးကြီးမားလှ သည့် နတ်မင်းကြီး ဖြစ်သည်။ အရာရာအပေါ် နားလည်ခွင့်လွှတ်တတ်၍ သည်းခံစိတ်ကြီးမားလှသည်။ ရေပြင်ထက်တွင် အရာအရာကို တွန်းတင်ထားပြီး လိုရာခရီးရောက်အောင် ရေစီးနှင့်ဖြစ်စေ လေကြောင်းနှင့် ဖြစ်စေ ပို့ဆောင်ပေးသော သဘာဝရှိသည်။ သို့သော် ဒေါသအမျက်ထွက်က ခက်ထန်မှုကြီးသည်။ အမျက် ကြီးသည်။ အရာရာကို လှုပ်ခါဝါးမြိုပစ်လေ့ရှိသည်။ မိန်ရာသီတွင်မွေးဖွားသော သူတို့သည် ပိုဆိုက်ဒွန် ဟုခေါ် သော နက်ပကျွန်းဂြိုဟ်၏ ဆက်သွယ်မှု၊ လွှမ်းမိုးမှု အောက်တွင် မွေးသောသူများဖြစ်ပေရာ ဤရာသီဖွားတို့ သည်လည်း ပိုဆိုက်ဒွန်အလား သူတစ်ပါးအားထောက်ကူမှုပြုရန် ၀န်မလေး။ သူတစ်ပါးအကျိုးအတွက် အနစ် နာခံ ဆောင်ရွက်ပေးရန် လူ့ပြည်သို့ရောက်လာသည်။ အများအကျိုး၊ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရန် အားထုတ်မည်။ အေးချမ်းစွာ၊ သဘောသကာရ ပြည့်ဝစွာနှင့် အားလုံးအပေါ် ဆက်ဆံတတ်မည်။ အမျက်ဒေါ သထွက်ခဲသည်။ ဒေါသထွက်ပါကလည်း လှိုင်းတံပိုးအလား ပြင်းထန်တတ်သည်။ လေမုန်တိုင်းအလား ဟူး ဟူးဟားဟား ဖြစ်တတ်သည်။ မြေငလျင်အလား အရာရာကို ဖယ်ရှား ချိုးဖျက်ပစ်ရမှ ကျေနပ်သည်။ စိတ်ကြီး မည်။ ဤသဘာဝအား လျှော့သင့်သည်။ ဒေါသထွက်စဉ်ခဏ မိမိကိုယ်မိမိ မထိန်းနိုင်သလိုဖြစ်မည်။ ပြီးမှ အဆင်ပြေသဘောပေါက် တည်ငြိမ်သွားသော သဘာဝရှိသည်။
          ရာသီသင်္ကေတရုပ်တွင် ဦးတည်ချက်လားရာမတူသော ဘက်သို့ ကူးခတ်နေသော ငါး(၂)ကောင်၏ ပုံရိပ်ဖြင့်ပြသည်။ ဤရာသီရုပ်၏ သဘာဝသည် မိန်ရာသီတို့သည် သူတစ်ပါးနှင့် မတူသော ရှုထောင့်ဖြစ်စေ၊ ဆန့်ကျင်ဘက်မှဖြစ်စေ တွေးခေါ်လုပ်ကိုင်တတ်သောသဘာဝကို ပိုင်ဆိုင်သည်။ မိဘလက်ငုတ်မှ ခွဲထွက်ခြင်း၊ မိဘနှင့်မတူသော လုပ်ငန်းများ ဆောင်ရွက်ရခြင်းရှိမည်။ မိဘ၊ မိသားစုတို့နေထိုင်ရာနှင့်မတူသော၊ ဆန့်ကျင်ဝေးလံသော အရပ်များတွင် အခြေချနေထိုင် ဘ၀တိုးတက်ကြမည်။ ကျမ်းဂန်အသီးသီး အလိုအရ မိန်ရာသီဖွားအားလုံးတို့သည် အရပ်ဝေးနိုင်ငံရပ်ခြားတိုင်းတစ်ပါးအထိ စွန့်စားသွားလာ နေထိုင်ကြီးပွားချမ်းသာ ခြင်းကို ရရှိကြသည်ဟုဆိုသည်။ အရွယ်နှင့်မမျှ အလုပ်ကြီး၊ တာဝန်ကြီးများ ကိုင်တွယ်ရမည်။ စွန့်စားခြင်း လှုပ် ရှားခြင်း ဗီဇပါရမီထူးရှိသည်။ ဤရာသီကိုပိုင်ဆိုင်သော ပိုဆိုက်ဒွန်နတ်မင်း နတ်ပကျွန်းသည် ခရိုးနော့ (Cronus) အမည်ရှိသော စနေဂြိုဟ် (Saturn) နတ်မင်းနှင့် ရီရာ (Reha) နတ်ဒေ၀ီမှ ပေါက်ဖွားသော သား ရတနာဖြစ်သည်။ စေတန်က နန်းလုမည်ကို စိုးရွံ့၍ မွေးဖွားသမျှသားတို့ကို မြိုချခံရသကဲ့သို့ ပိုဆိုက်ဒွန်သည် လည်း ဖခင်ခံတွင်းသို့ သက်ဆင်းရသည်။ ညီအငယ်ဆုံးဖြစ်သော ဇုနတ်မင်းမှ ကယ်တင်၍ လွတ်မြောက်ခဲ့ သည်။ ဤအကြောင်းအရာကိုအခြေတည်၍ ဤရာသီဖွားအားလုံးတို့သည် မည်သည့်ကိစ္စကိုဆောင်ရွက်စေ အခက်အခဲကြုံပြီးမှ လွတ်မြောက်မည်။ မည်မျှအနှောင့်အယှက်ကြုံစေ ကူညီသူပေါ်ပေါက်နိုင်သည်။
ဗြိစ္ဆာရာသီဖွား
Scorpio
ဗြိစ္ဆာရာသီအား ပလူတို(Pluto) ဂြိုဟ်မှ ပိုင်စိုးသည်။ (Pluto)ဂြိုဟ်သည်ကား (Hades)ဟေးဒီးစ် အ မည်ရှိသော နတ်ဘုရားသည် တမလွန်မြေအောက် ကမ္ဘာအား ပိုင်စိုးမှု အရှင်သခင်ဧကရာဇ်ဖြစ်သည်။ (CRONOS)ခရိုးနော့နှင့် (RHEA)ရီရာတို့မှ မွေးဖွားသော အကြီးဆုံးသောသား သားကြီးသြရသ ဖြစ်သည်။ ဖခင်ဖြစ်သူက နန်းဆက်ကို လုယူမည်ကို စိုးရိမ်သောကြောင့် မွေးဖွားကာစကပင် ၀ါးမြိုခြင်းကို ခံရသည်။ သူအပါအ၀င် အစဉ်အဆက် ညီအစ်ကိုမောင်နှမ (5)ဦးစလုံးကို (CRONOS)ခရိုးနော့က ၀ါးမြိုထားသည်။ (CRONOS)ခရိုးနော့၏ဖခင်စိတ်မဲ့မှုအပေါ် (RHEA)ရီရာက မကျေမနပ်ဖြစ်ကာ နောက်ဆုံးမွေးသော (Zeus)ဇုနတ်သားအား လျှို့ဝှက်စွာ မွေးဖွားသည်။ (Zeus) ဇုအရွယ်ရောက်လာသောအခါ ခရိုးနော့ကို ဖယ်ရှား၍ မြိုချထားသော ညီအစ်ကိုမောင်နှမများကို ပြန်လည်အန်ထုတ်စေသည်။ နောင်တော်အကြီးဆုံးဖြစ် သူ(Hades)ဟေးဒီးစ် အား မြေအောက်ကမ္ဘာကိုစိုးမိုးစေသည်။ (Zeus) ဇုနတ်မင်းကြီးသည်က လူ့ကမ္ဘာနှင့် နတ်ပြည်နတ်နန်းကို အုပ်ချုပ်ခြင်းပြုသည်။ မြေအောက်ကမ္ဘာကို ပိုင်စိုးသော ဟေးဒီးသည် သေလွန်သူတို့၏ ကမ္ဘာကို စိုးမိုးသည်။ ခေါင်းသုံးလုံးနှင့် ငရဲခွေးကြီး (Cerberus)ဆေးဘရက်နှင့် သေလွန်သူတို့၏ ကမ္ဘာကို (Styx)စတိတ်မြစ်ကို ဖြတ်သန်းသည့် ကူးတို့ပို့သူ (Charon)ချာရွန်တို့ ခြံရံ၍ မြေအောက်ကမ္ဘာကို စိုးမိုး သည်။  မြေအောက်သယံဇာတကို ပိုင်စိုး၍ ကြွယ်ဝချမ်းသာသည်။ နတ်တို့တိုင်းပြည်တွင် (Pluto) ပလူတို ဟူသောစကားသည် “Riches” ချမ်းသာကြွယ်ဝသောသူဟူသောအနက်ရှိသည်။ ကိုယ်ပျောက်ဦးထုပ်ကို ပိုင်စိုးထားသူဖြစ်သည်။ မြင့်မားသော တန်ခိုးကို ပိုင်ဆိုင်သည်။
            ဤရာသီခွင်မွေးဖွားသူအားလုံးတို့သည် ပလူတို၏ဒဏ္ဍာရီနှင့် အလားတူသောဘ၀ကို ပိုင်စိုးသည် မွေးဖွားစဉ်မှစ၍ မိဘ၏ပိုင်စိုးမှု၊ ချုပ်ချယ်မျှုနှင့်ကိုယ်လိုပ်ချင်သည်ကို မလုပ်နိုင်။ မောင်နှမသားချင်းအတွင်း အငယ်ဆုံးသူကို မွေားဖွားပြီးမှ ထူးခြားစွာလွတ်လပ်လာခြင်းကိုကြုံမည်။ ကိုယ်ပိုင်အစွမ်းအစနှင့် ဘ၀တိုး တတ်မှုကိုဖန်တီးနိုင်မည်။ အလိုရှိရာဆောင်ရွက်နိုင်မည်။ ကံကြမ္မာပွင့်လန်းလာမည်။ ဘ၀လမ်းကြောင်းတွင် တစစတိုးတက်မှုများဖြစ်ထွန်းမည်။ ထူးခြားသောပိုင်ဆိုင်မှုများနှင့် ချမ်းသာကြွယ်ဝမှုများကို ကိုယ်စွမ်းကိုယ်စ အသုံးချ၍ အပြည့်အ၀ပိုင်ဆိုင်ခြင်းကြုံမည်။ ကိုယ်ပျောက်ဦးထုပ်ကို ဆောင်းသော ပလူတို၏သဘာဝအတိုင်း အရာရာကို သိုသိုသိပ်သိပ်လုပ်လေ တိုးတက်လေဖြစ်မည်။ ကြေငြာမောင်းခတ် လူသိထင်ရှားလုပ်လေ အ နှောက်အယှက်ကြုံလေ ဖြစ်မည်။ မထင်မရှားလုပ်သောကိစ္စများတွင် သိသာထင်ရှားစွာ အောင်မြင်မှုများရရှိ မည်။ ကိုယ်လုပ်သည့်ကိစ္စအပေါ် သူတပါးအားအလုံးစုံ အသိပေးခြင်းဘယ်သောအခါမှ မလုပ်သင့်။ ၀ါကြွား ခြင်းမရှိသင့်။ ဟိတ်ဟန်နည်းသော လုပ်ငန်းများအများသူငါမှ ရရှိသည့်အကျိုးအမြတ်အပေါ် အလွယ်တကူမ သိသည့်လုပ်ငန်းများလုပ်၍ ကြွယ်ဝမှုကို ပိုင်ဆိုင်မည်။တစ်ပါးသူနှင့်တွဲဖက်လုပ်သောကိစ္စများတွင် ကိုယ့် ဘက်မှနစ်နာမှုများကို အခြေတည်၍ ဆောင်ရွက်ရမည်။ အထူးသတိပြုရန်မှာ ဗြိစ္ဆာရာသီအမျိုးသားတို သည် စန်းများတတ်သည်။ မိမိကိုယ်မိမိ မထိန်းသိမ်းက အိမ်ထောင်ဆက်များတတ်သည်။ ဆွေမျိုးမောင်နှမသား ချင်းများပေါ်တွင် အထောက်အကူပြုနိုင်သော အဆင့်ကိုရောက်ရှိမည်။
တူရာသီဖွား
Libra
မရဏနန်းတော်တွင် ချိန်ခွင်ကြီးတစ်ခုရှိသည်။ ထိုချိန်ခွင်အား တရားစောင့်သစ္စာနတ်သမီး (Goddess Of Truth) မှ စောင့်ရှောက်သည်။ သမာဓိဉာဏ်ပညာအလွန်ကြီးပေရာ (Goddess Of Wisdom) ဉာဏ်ကြီးရှင်နတ်ဒေ၀ီဟု ဆိုပြန်သည်။ ဤ နတ်ဒေ၀ီ၏အမည်နာမသည်ကား (MAAT) မတ်ဟုအမည်ရှိသည်။ အီဂျစ်တို့၏ နံရံဆေးရေးပန်းချီတို့တွင် ဦးခေါင်းထက်၌ ငှက်တောင်ပုံစံစိုက်ထိုးထားသည့်ပုံဖြင့် ဖော်ပြထားသည်။ သူမ၏ဦးခေါင်းရှိ ငှက်တောင်သည် သစ်ကုလားအုပ်ငှက်၏ အတောင်ဟု ဆိုသည်။ ထိုငှက်တောင်နှင့်လူသားတို့၏ နှလုံးသားကို ချိန်ခွင်တွင်တင်၍တိုင်းသည်။ သူမပုံနှင့်ချိန်ခွင်ပုံအား တွဲဖက်ဖော်ကျူးသည်။  ပြစ်မှုအလုံးစုံနှင့်လေးလံနေသော အသည်းနှလုံးနှင့်ပြစ်မှုကင်းစင်နေသော ငှက်တောင်အလား ပေါ့ပါးနေသော အသည်းနှလုံးအား ဖော်ကျူးသည်။ အီဂျစ်တို့၏အယူအဆအရ တူရာသီတွင်မွေးဖွားသူ အပေါင်းတို့သည် မျှတသော တရားခွင်၏သံတော်ဆင့်များ (MAAT) မတ် နတ်မိမယ်၏ စေတမန်များ သဘာဝမျှတသော တရားကို ထိန်းသိမ်းစောင့်ရှောက်သူများဟုဆိုသည်။ ဤရာသီဖွား အားလုံးတို့သည် မျှမျှတတတွေးခေါ်တတ်သည်။ တစ်ပါးသူတို့၏ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်အဖြစ်ရပ်တည်သည်။ တိကျမှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်စွမ်းရှိသည်။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သည်။ သမာသမတ်ကျကျ လုပ်ကိုင်ခြင်းအပေါ် အနှစ်သာရ ပြုသူဖြစ်သည်။ ဘ၀လမ်းကြောင်းတစ်လျှောက်တွင် ကြုံတွေ့ရသော အခက်အခဲအနှောင့်အယှက်များသည် အမှန်တရားအတွက် ဆောင်ရွက်ရင်းကြုံတွေ့ရခြင်းမျိုးသာဖြစ်မည်။ မတော်မတရားလုပ်လိုသူများ၊ ကိုယ်ကျိုးရှာအတ္တသမားများ၏ ရန်သူသဖွယ်ကြုံတွေ့ ရတတ်သည်။
            အထူးသတိပြုရန်မှာ တူရာသီဖွားအားလုံးတို့သည် မတော်လောဘစိတ်တစ်စုံတစ်ရာဝင်သွားသောအခါဖြစ်စေ မျှတမှုမရှိသောအနေအထားကို ဆောင်ရွက်သည်ဖြစ်စေ အခက်အခဲများနှင့်ထိပ်တိုက်ရင်ဆိုင်ရတတ်သည်။ ချိန်ခွင်တစ်ခု၏ ရာသီပုံ အောက်တွင် မွေးသောသူများဖြစ်ပေရာ သမာသမတ်ရိုးရိုးသားသားစီးပွားရှာခြင်းမှ ကြွယ်ဝချမ်းသာမှုကိုရမည်။ သမားရိုးကျ အရောင်းအ၀ယ်မှအစ မြင့်မားသော အဆင့်အထိချဲ့ထွင်၍ရသည်။ ရိုးရိုးရှင်းရှင်း ဖြူဖြူစင်စင်နှင့် ပြောဆိုနေထိုင်ခြင်း၊ အလုပ်လုပ် ခြင်း၊ မျှမျှတတစီးပွားလုပ်ခြင်းပြုပါက အချိန်တိုကာလတိုအတွင်း အံ့သြဖွယ်ကောင်းလောက်အောင် အဆင်ပြေခြင်းများရရှိမည်။
                        စကားပြောသောအခါတွင် အထူးသတိရှိရမည်။ ပြောမှားဆိုမှားဖြစ်တတ်သည်။ အမှန်အတိုင်းပြောတတ် လွန်းခြင်း၊ စိတ်ထဲစကားမထားတတ်ခြင်းများ တတ်အားသရွေ့ လျှော့ပါ။ မှန်ကန်လွန်း၍ လူမုန်းခံရခြင်းများဖြစ်တတ်သည်။ အချို့ သောကာလများတွင် မလိုအပ်ဘဲ စကားများများပြောခြင်းလျှော့ပါ။ မိသားစုအပေါ်တွင် ပေးဆပ်ရမည့်သူများ ဖြစ်သည်။ မငြိုငြင်ပါ နှင့်။ ကိုယ်ကျိုးစွန့်အနစ်နာခံ၍ ဆောင်ရွက်ပေးခြင်းများသည် ကိုယ်ကတောင်းဆိုခြင်းမပြုသည့်တိုင် တူညီသော ကောင်းမှုများ ရရှိမည်။ ကိုယ်ကြံစည်လုပ်ဆောင်သောကိစ္စများကို တစ်ပါးသူမှ ထိုးဖောက်လုပ်ကိုင်သွားတတ်သည်။
          မိမိကိစ္စမဟုတ်၊ ကိုယ့်အတွက်လည်း အကျိုးတစ်စုံတစ်ရာမရှိ၊ မတော်မတရားမြင်သည့် ကိစ္စအပေါ် ၀င်ရောက်၍ လူမုန်းခံကာပြောဆိုခြင်းများ တတ်အားသမျှ လျှော့ပါ။
          တစ်ပါးသူများက မြှောက်ထိုးပင့်ကော် တိုက်တွန်းပြီး အများကိစ္စ၊ သူတစ်ပါးကိစ္စများကို တာဝန်ယူခြင်း ခေါင်းခံခြင်းများအား ရှောင်ပါ။ မိမိအမည်ကိုသုံးစွဲလိမ့်မည်။ မိမိကိုယ်ခုတုံးလုပ်၍ တိုးတက်မှုများရှာဖွေသွားလိမ့်မည်။
          တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ အားနာယုံစားလွယ်ပြီး ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စများ ကြားဝင်တာဝန်ယူခြင်း၊ အာမခံခြင်း ရှောင်ပါ။ သူများပြဿနာကိုယ့်ပြဿနာဖြစ်တတ်သည်။ စေတနာ ဝေဒနာဖြစ်တတ်သည်။
          ဖြစ်ပေါ်နေသော အခြေအနေ၊ ပေါ်ပေါက်လာသော အခွင့်အရေးများကို လက်ခံပြီး အပြောင်းအလဲများပြုသင့်သည်။ လမ်းသစ် ထွင်ပြီးဆောင်ရွက်ရန် အခါကောင်းဖြစ်သည်။ ခရီးသွားစွန့်စားရန် ၀န်မလေးသင့်။
သိဟ်ရာသီဖွား
Leo
ရှေးဟောင်းအီဂျစ်တို့၏ အယူအဆအရသိဟ်ရာသီဖွားအားလုံးတို့သည် “ရာ” “RA” အမည်ရှိသော နေနတ်ဘုရားမှ တိုက်ရိုက်ပေးစွမ်းသော တန်ခိုးအငွေ့အသက်နှင့် အသက်သွင်းမှုကို ခံယူရှင်သန်သူများ ဖြစ်သည်။ ရာသီ ၁၂ ပါး အနက် အခြားသူတစ်ပါးတို့၏ အရှင်သခင် “Monarch of the Zodiac” ဟုဆိုသည်။ ကောင်းကင်ထက်မှ နေမင်းကြီးသည် ကမ္ဘာနှင့် အနီးဆုံးသို့ရောက်သော် အလင်းတန်းများကို ဖြန့်ကျက်စေ၍ ဤရက်ပိုင်းအတွင်း မွေးသော သူများကို မြင့်မြတ်သော ဥပဓိရုပ်၊ ထက်မြက်သော ဥာဏ်ရည်၊ စိုးမိုးနိုင်သော နှလုံးသား၊ ခံစားချက်ပြည့်ဝသော အသည်းနှလုံးသား၊ ခံစားချက်ပြည့်ဝသော အသည်းနှလုံး၊ ရဲရင့်မာန်ကြီသော သွေးတို့နှင့် ပေါင်းစပ်ဖွဲ့စည်းထားသော လူသားများဟုဆိုသည်။
ဤရာသီဖွား ကျား/မ မရွေးတို့သည် အလွန်တင့်တယ်သော ရုပ်ဆင်းအင်္ဂါနှင့် သြဇာကြီးမားသော ဥပဓိရုပ်ကို ပိုင်ဆိုင်သည်။ မိခင်၊ ဖခင်တို့နှင့် ဆင်သော်ငြားမတူ။ မောင်နှမသားချင်းများနှင့်မတူသော သဘာဝနှင့် ထွန်းသော သူများဖြစ်သည်။ စိတ်ဓာတ်ခိုင်မာ၍ တည်ကြည်မြင့်မြတ်သော သဘာဝကို ဖော်ပြသော မေးရိုး၊ ပါးရိုးခပ်မြင့်မြင့်၊ ဥာဏ်ကြီး၍ ညှာတာစာနာတတ်သောစရိုက်ကို ဖော်ဆောင်သည်။ မေးစေ့ခပ်သွယ်သွယ်ရုပ်အသွင်။ ပြတ်ပြတ်သားသားနှင့် အပိုမပြော။ မှန်ရာစကားကိုသာ ဆိုတတ်သော နှုတ်ခမ်းပါးများ၊ တစ်ချက်ကြည့်ရုံမျှနှင့် အမိန့်ပေးသကဲ့သို့ အေးတိအေးစက်အာဏာစက်နှင့် သြဇာကြီးမားသော မျက်ဝန်းအစုံ၊ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါနှင့် ဥပဓိရုပ်ကိုမွေးရာပါ ဤရာသီဖွားများ၏ အမှတ်သင်္ကေတ အဖြစ် ပိုင်ဆိုင်သောသူများဖြစ်သည်။
သိဟ်ရာသီဖွား နှစ်မျိုးကွဲပြားသွားသည်။ ကောင်းသောဘက်၌ ဦးဆောင်ဦးရွက်ပြုရသော သူများနှင့် ဆိုးညစ်ယုတ်မာသော ဘက်သို့ ယိမ်းယိုင်သော သိဟ်ရာသီဖွားဟူ၍ ခွဲခြားသည်။ မူလသဘာဝအရ ကွဲပြားခြင်း မဟုတ်။ ခန္ဓာကိုယ်ပေါ်တွင် ၀တ်စားဆင်ယင်မှုအပေါ် မူတည်၍ အဖြူ၊ အမဲ (၂) မျိုးကွဲသော စိတ်ဖြစ်ပေါ်သွား သော သဘာဝရှိသည်။ သိဟ်ရာသီဖွား တစ်ဦးတစ်ယောက်သည် ခေတ်မီဆန်းပြားစွာကလက်တက်တက် ပေါ်ပင် အ၀တ်များဝတ်ခြင်း၊ မူလဆံပင်ပုံစံပြောင်းခြင်းများပြုက အ၀တ်များဝတ်ခြင်း၊ အလိုအလျောက် မကောင်းသော စိတ်များ၊ ဒုရိုက်စိတ်များဝင်လာကာ လိမ်ညာကောက်ကျစ်ခြင်း၊ ၀ါကြွားခြင်း၊ မဟုတ်မမှန်သော စကားများချဲ့ထွင်ပြောဆိုခြင်း၊ တစ်ပါးသူအပေါ် မနာလိုစိတ်ဝင်ခြင်း၊ သူတစ်ပါး အကျိုးပျက်ပြားအောင် လုပ်ခြင်းများရှိမည်။ လောင်းကစားအရာတွင် မွေ့လျော်မည်။ သိဟ်ရာသီဖွားများ အနက်ရောင်ဝတ်လာက တဏှာရာဂအရာ၌ ပျော်မွေ့သော စိတ်များပြောင်းသွားမည်။ ၀တ်စားမှုက လက်ရုံမျှနှင့် လူပါသော်လည် သွားမည်။ အသွင်ဆန်း၊ အကွက်ဆန်း ဆင်လေဆိုးယုတ်လေဖြစ်မည်။ သောက်စားမှုပြုလေမကောင်းသော ဥာဉ်ဆိုးကြီးမား လေဖြစ်မည်။
သိဟ်ရာသီဖွားကျား/မ မရွေးရိုးရိုးရှင်းရှင်းဝတ်ဆင်လေကောင်းသော အရည်အသွေး တောက်ပြောင် လေဖြစ်မည်။ အလိုအလျောက်ယဉ်ကျေးသိမ်မွေ့မည်။ စိုးမိုးနိုင်မည်။ တစ်ပါးသူမှ ယုံကြည်ကိုးစားရသော အမူအကျင့်များပေါ်ထွက်မည်။ ရိုးဖြောင့်သောစိတ်၊ မဟုတ်မခံရဲရဲတောက် လုပ်လိုသော သဘာဝပေါ်ထွန်းမည်။ ကျက်သရေမင်္ဂလာအပြည့်အ၀နှင့် ထိထိမိမိဆောင်ရွက်နိုင်မည်။ အပြင်ပန်းဝတ်စားဆင်ယင်ပုံပြောင်းရုံနှင့် အတွင်းစိတ်ပြောင်းတတ်သောသူများဟူ၍ သိဟ်ရာသီဖွား များအားဆိုသည်။
ခြင်္သေ့တစ်ကောင်၏ရာသီရုပ်ကို ပိုင်ဆိုင်သည့် သိဟ်ရာသီဖွားကျား/မ မရွေးတို့သည် ကေသာဆံပင်ကို တင့်တယ်စွာထားသင့်သည်။ မလိုအပ်ဘဲ လိမ်ကောက်နေအောင် ဆောင်ရွက်ခြင်း၊ မူလပုံစံအား ဖျက်ခြင်း မပြုရ။ ခြေဆံလက်ဆံတင့်တယ်၍ ခြေနှုတ်ခြေသိမ်းလှပသူများဖြစ်ပေရာ မိမိ၏မူလဟန်ကို မပျောက်စေနှင့်။ အလိုလျောက် မသင်မပြရသော Cat Walk ဟုခေါ်သော ကြောင်လမ်းလျှောက်နည်းပုံစံအား စနစ်တကျ လျှောက်လှမ်းနိုင်သောသူများဖြစ်သည်။ အကြည့် ရဲတင်းသည်။ ခြေသည်းလက်သည်းတို့ကို သန့်ရှင်းသပ်ရပ် အောင် တင့်တယ်အောင် ထားရမည်။
ဤရာသီဖွားအားလုံးတို့သည် အာခံတွင်းနှင့် ပတ်သက်သည့် အနံ့အသက်ပြင်းထန်တတ်သည်။ အနည်းငယ် အနေအထိုင်ဂရုမစိုက်သည်နှင့် သွားတို့၏ အရောင်သည် ဖြူရာမှ ၀ါညစ်ညစ်အရောင်ပြောင်း တတ်သည်။ ချေးအထပ်ထပ်ဖြစ်တတ်သည်။ ကွမ်းစားသူတို့တွင် နီကျင်သော အရောင်ပြောင်းတတ်သည်။ ထို့ကြောင့် သွားနှင့်ခံတွင်းကို အထူးသန့်ရှင်းအောင် ဂရုပြုသင့်သည်။ ၀တ်စားဆင်ယင်မှုတွင်လည်း နေရာဒေသအလျောက်သော်လည်းကောင်း ရိုးရိုးယဉ်ယဉ်ပေါ့ပေါ့ပါးပါး အများဆင်ယင်သည့်အတိုင်း ၀တ်ရမည်။ ပေါ့ပေါ့ပါးပါးဝတ်လေ ဥပဓိရုပ်တက်လေဖြစ်မည်။ သန့်ရှင်းမှု၊ ရိုးရှင်းမှုနှင့် ဥပဓိရုပ်အား အထွတ် အထိပ်ရောက်အောင် ဖော်ကျူးနိုင်ပေမည်။
ကရကဋ်ရာသီဖွား
Cancer
ကရကဋ်ရာသီဖွားအားလုံးတို့ကို စရိုက်မူကွဲ (၃) မျိုးနှင့် လူသားများ “TRIVIA” များဟု သတ်မှတ်သည်။ “(၃)  လမ်းပြိုင်ဘ၀ရှင်” များဟုဆိုသည်။ ဤရာသီကိုပိုင်ဆိုင်သော ကောင်းကင်ထက်မှ လမင်း၊ MOON တနင်္လာဂြိုဟ်မှ ပေါ်ထွန်းလာသော ဒဏ္ဍာရီအလိုအရခေါ်ဆိုခြင်းဖြစ်သည်။ မိုးယံထက်မှ စန်းသော်တာလမင်းသည်ကား. . . သာတစ်လှည့်မှောင်တစ်ခါ၊ လင်းတစ်လှည့်မှိန်တစ်လီ၊ ပေါ်တစ်လှည့် ပျောက်တစ်ခါသဘာဝကို ဖြစ်တည်စေသည်။ တစ်စစထွန်းလင်းတောက်ပပြီး သဘာဝလောကကို လင်းလက်ငြိမ်းအေးသော လရောင်ဖြန်းပက် ပေးသော အလင်းနတ်သမီး (DIANA) ဒိုင်ယာနာအမည်ကို ခံယူ၍ ကြည်နူးမှုနှင့် စိတ်ချမ်းမြေ့မှုတို့ကို ဖန်တီးသည်။ အလင်းဓာတ်ကိုတစ်စစသိမ်းယူ၍ အမှောင်အတိဖြစ်စေကာ စိုးရွံ့မှု၊ ထိတ်လန့်တုန်လှုပ်မှု အမှောင်လွှမ်း၍ အမြင်ဓာတ်ကွယ်ပျောက်စေကာ ချောက်ချားဖွယ်ဝိညာဉ်တို့ကို နိုးထစေသော အစွမ်းတို့နှင့် အမှောင်ထု၏ သခင်မမှော်နတ်ကဝေ (HECATE) ဟက်ကတီအဖြစ်ခံယူကာ လမိုက်ညများကို ဖြစ်ပေါ်စေသည်။ လင်းတစ်လှည့်မှောင်တစ်ခါ မလင်းမမှောင်အမျိုးမျိုးသောအသွင်ကို ဆောင်ယူပြီး စိတ်ဝိညာဉ်အား လှုပ်ရှားခံစားစေကာ စိတ္တဇဆန်သော သဘာဝနှင့် ရူးသွပ်ခြင်း၊ ပုံမှန်မဟုတ်သော စတ်ကိုဖြစ်ထွန်းစေသည့် စိတ်ညှို့စွမ်းအားရှင်နိတ်မိမယ် (LUNA) လူနာဟူသောအမည်ကိုလည်း ပိုင်စိုးသည်။
လူ့ဘ၀ကိုစတင်သည့် ငယ်စဉ်ဘ၀ပင်လျှင် သူတစ်ပါးနှင့်မတူ ဘ၀အတက်အကျအပြောင်းအလဲ များမည်။ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအ၀ိုင်းဝန်းကျင်မှအစမောင်နှမသားချင်းများအလယ် တမူထူးခြား၍ အရွယ်နှင့်မှမျှရင့်ကျက်မှုများကို ပတ်ဝန်းကျင်မှ ဖန်တီးလိမ်မ့်ည်။ အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြားတွင် “Luna”  လူနာဟုခေါ်သော နတ်သမီးအသွင်သဘာဝစိုးမိုးသော ကာလဖြစ်သည်။ စိတ်တက်လွယ် ကျလွယ်မည်။ စိတ္တဇဆန်မှုကို ဦးစားပေးမည်။ စိတ်ကူးဆန်းများနှင့် ထင်ရာရူးသွပ်စွာဆောင်ရွက်မည်။ အသက် ၁၈ နှစ်မှ ၂၇ ကြား “HECATE” ဟက်ကတီနတ်ဒေ၀ီ၏ သဘာဝဆောင်ပြန်သည်။ အလင်းမဲ့သော၊ အမှောင်ထုအတွင်း ဖြတ်သန်းသည့်သဖွယ် အနာဂတ် ပျောက်ကွယ်နေသော သဘောနှင့် စမ်းတ၀ါးဝါးဘ၀ကို ဖြတ်သန်းရမည်။ အတတ်ပညာဆန်းများသင်ကြားလိမ့်မည်။ အရွဲ့တိုက်ခြင်း၊ တဇွတ်ထိုးလုပ်လိုခြင်းနှင့် ထင်ရာစိုင်းခြင်းတို့လုပ်မည်။ သူတစ်ပါးအပေါ်ညှို့ယူဖမ်းစားခြင်း ပြုလိမ့်မည်။ ထင်ရာစိုင်းမိုက်မဲ၍ အများတကာကဆိုးသည် တေသည်ဟု ပြောဆိုခံရသည့်ကြားမှ သူတစ်ပါးအံ့လောက်အောင် ဆောင်ရွက်ခြင်းပြုမည်။ အသက် ၂၈ မှ ၃၆ သည်ကား “DIANA” ဒိုင်ယာနာပိုင်ဆိုင်သော အသက်ဟု သတ်မှတ်သည်။ လင်းလက်သောဘ၀၊ ထင်ရှားသောစန်းနှင့် ထင်ရှားသောဘ၀ဖြင့် အရာရာအပေါ်တိုးတက်အောင် ဆောင်ရွက်မည်။ စိတ်ကူးကောင်းနှင့် ဖန်တီးနိုင်စွမ်း ထက်မြက်မည်။ အရာရာအပေါ် ကိုယ်ပိုင်မှုနှင့် ဆောင်ရွက်မည်။ ကောင်းသောကျော်ကြားခြင်း၊ ထင်ရှားသောကြွယ်ဝခြင်းနှင့် အောင်မြင်မှုအလုံးစုံကို အထင်အရှားရရှိမည်။ အသက် ၃၇ မှ ၄၀ ကြားသည်ကား လူနာ၊ ဟင်ကတီ၊ ဒိုင်ယာနာ သုံးဦးစလုံး၏ စိုးမိုးမှုကို ကြုံပြီး နှစ်သက်ရာတစ်ဦး၏ စိုးမိုးမှုကို ရွေးချယ်ခွင့်ရှိသည်။ ရွေးချယ်လိုက်သည့်ပုံစံနှင့် အသက် ၄၀ကျော်တွင် ဖြတ်သန်းရမည်။ အသက် ၅၅ နောက်ပိုင်းသည်ကား ဒဏ္ဍာရီဆန်သော ဘ၀ကို ပိုင်ဆိုင်သွားမည်။ အတွေးအခေါ်၊ အခြေအနေအလုံးစုံ သည် သူတစ်ပါးနှင့်မတူသော ဘ၀မျိုးဖြစ်မည်။ အလုံးစုံအားရအောင်ယူ ပြည့်စုံအောင်ဖန်တီး၍ အရာရာကို စွန့်ပစ်နိုင်စွမ်းရှိသောလူသားများ ဘ၀ရာဇ၀င်ကို ချန်ရစ်မည့်သူများဖြစ်သည်။
မေထုန်ရာသီဖွား
Gemini
               ထက်မြက်သော ဥာဏ်စွမ်း၊ ထူးခြားသော ဥပဓိရုပ်နှင့် ပိုင်ဆိုင်ထားသောသူဟူ၍ ကျမ်းဂန်အသီးသီးက သတ်မှတ်သည်။ ဂရိစဏ္ဍာရီအလိုအရ အိုလံပီယာနတ်ဒေ၀တာ ( ၁၂ ) ပါး The Twelve Great of Olympians’ အနက် အသက်အငယ်ရွယ်ဆုံးဖြစ် မြင့်မားသော အလုပ်တာဝန်များကို ယုံကြည်လွှဲအပ်ခံရသော ‘Mercury’ ဗုဒဟူးဂြိုဟ်မင်း မာကျူရီနတ်သားမှ ဆင့်ပွားပုံရိပ်ပြုသော ဤရာသီဖွားများသည် သူတစ်ပါးမှ ယုံကြည်အားထား လောက်သော ဥပဓိရုပ်နှင့် ကိုယ်နေဟန်ကို ပိုင်ဆိုင်သည်။ အမြဲတစေသူတစ်ပါးကို ကျီစယ်နောက်ပြောင်၍ ပြုံးရွှင်စေသော မာကျူရီနတ်မင်း၏ သဘာဝအတိုင်း သဘာဝအနေအထား၌ ပင်ပြုံးပျော်ရွှင်ပြနေသော အနေအထားကို ပိုင်ဆိုင်သည်။ အထူးသဖြင့် မျက်နှာအမူအရာသည် မချိုမချဉ်အမြဲဖြစ်တတ်သည်။ ထာဝရ အပြုံးဓါတ်ကိုသယ်ဆောင်ထားသော နှုတ်ခမ်းကို ပိုင်ဆိုင်ထားသည်။ မျက်နှာဝိုင်းသည်ဖြစ်စေ၊ လေးထောင့်ကျ သည်ဖြစ်စေ အရိုအဆစ်ကျဆင်းမှုသည် ပါးလျပ်သွယ်လျသော မျက်နှာပြင်ကို ဖြစ်ပေါ်စေသည်။ မေးရိုး ပါးရိုး ထင်ရှားမြင့်မားသော သဘာဝရှိသည်။ ပါးပါးလျပ်လျပ်နှင့် မြင့်မားသည်။ အဓိသတိပြုရန်မှာ မျက်အ၀န်းအစုံတည်း။ အလွန်ထက်မြက်စူးရှသည်။ နက်ရှိုင်းသောမာန်များ ၀င်နေတတ်သည်။ ပြတ်သားခြင်း၊ ထီမထင်ခြင်း၊ ရက်စက်ခြင်း၊ ရက်စက်ရန်ဝန်မလေးခြင်း စသည့်အနက်အသွင်များ မျက်ဝန်း၌ အလိုအလျောက် ပေါ်နေသည်။ မျက်နှာအသွင်အပြင်နှင့် မျက်လုံးသည် လုံးဝဆန့်ကျင်ခြားနားနေသော အသွင်ရှိသည်။ တော်ရုံတန်ရုံလူများ မိမိမျက်လုံးဒဏ်ကို မခံနိုင်သလို ဖြတ်တတ်သည်။ သမားရိုးကျအချိန်တွင် နေကာမျက်မှန် ၀တ်ထားသင့်သည်။
            ‘Hermes’ ဟားမီးစ်နတ်ဒေ၀ါသည် လက်တွင်ကဲဒူးစီးယပစ် ‘Caduceus’ အမည်ရှိ ကျိုင်းတုတ်ကို အမြဲကိုင်ထားသည်။ လက်တစ်ဖက်မှလက်ညှိုးကို အမြဲထောင်ထားသည်။ ဤသဘာဝသည် မေထုန်ရာသီဖွား များသို့ သက်ဆင်းပေရာ တစ်စုံတစ်ရာကိုလက်မှ ဆုပ်ကိုင်ထားရမှ ကျေနပ်သည်။ လက်ညှိုးတထိုးထိုးနှင့် ပြောတတ်ဆိုတတ်သော သဘာဝရှိသည်။ လက်ထဲတွင် တစ်ခုခုကိုင်စရာမရှိက လက်ကိုမည်သည့်နေရာတွင် ထားရမှန်းမသိဖြစ်တတ်သည်။ ခေါင်းကုတ်လိုက်၊ ခါးထောက်လိုက်နှင့် လက်နေရာမကျ ဖြစ်တတ်သည်။
            နတ်ခြေနင်းစင်္ကြာ ‘Talaria’ တာလာရီးယားကို ပိုင်ဆိုင်ခြင်းနှင့် နန်တို့၏ တန်ခိုးရှင်ဦးထုပ် ‘Petasus’ ပက်အာဆပ်စ်တို့ကို ပိုင်ဆိုင်သော မာကျူရီနှင့် ပတ်သက်သော သူများဖြစ်ပေရာ ခြေထောက်နှင့် ဦးခေါင်းတို့တွင် ထူးခြားသောသဘာဝ လွှမ်းမိုးနေသည်။ ခြေသည်း၊ ခြေဖမိုး၊ ခြေဖနောင့်တို့ကို သန့်ရှင်းအောင်အမြဲပြုပါ။ ဖိနပ် အဟောင်းအစုတ်များ မ၀တ်ရ။ တင့်တယ်သော ဖိနပ်တို့ကို ၀တ်ဆင်သင့်သည်။ ခြေဖျား၊ ခြေဖနောင့်အလှတို့ကို ကွယ်ပျောက်စေသော ထိပ်ပိတ် နောက်ပိတ် ဖိနပ်မ၀တ်သင့်။ အထူးသဖြင့် အမျိုးသမီးများအဖို့ ခြေ၏အလှကို ပေါ်လွင်စေသော ဖိနပ်ကိုစီးသင့်သည်။ ရှုပ်ထွေးနေသော ကြိုးများ၊ ဖရိုဖရဲဒီဇိုင်းများ ပန်းပွင့်၊ ဖရိုဖရဲ ဘော်ကြယ်ထိုး၊ မှန်စီရွှေချ ပန်းပွင့်တပ်၊ ပလပ်စတစ်ပုလဲလုံးတပ်၊ ခါးပတ်ကွင်းတပ်ဖိနပ်များ လုံးဝမ၀တ်သင့်။ ခြေမနှင့် ခြေဖမိုးတို့ကို ထိန်းထားသည့် ကွင်းနှစ်ခုသာပါသည့် ရှေးဟောင်းဖိနပ်ပုံစံတို့ကိုဝတ်က တင့်တယ်သည်။ အမျိုးသားများအတွက်လည်း မိမိခြေထောက်ကို သပ်ရပ်သန့်ရှင်းစွာထားသင့်သည်။ ဦးခေါင်းထက်တွင်လည်း ဦးထုပ်ကို ဖရိုဖရဲမဆောင်းသင့်။ ဆံပင်ကို မဖြီးမသင်မရှိသင့်။ ဆံပင်ပုံ သပ်သပ်ရပ်ရ့်ထားလေ ဥပဓိရုပ် ပေါ်လွင်လေ ဖြစ်မည်။ မူလပင်ကိုဆံပင်အား ထူခြင်း၊ ပါးခြင်း၊ ရှည်ခြင်း၊ တိုခြင်း ဖြစ်အောင် ပြုပြင်က တင့်တယ်ခြင်း ရှိသည်။ ဖြောင့်သည်ကို ကွေးခြင်း၊ ကောက်ခြင်း၊ ကောက်သောဆံပင်ကို မဖြောင့်သင့်။ သပ်ရပ်တင့်တယ်သော ဆံပင်ပုံအမြဲထားသင့်သည်။ မိမိ ဦးခေါင်းထိုက်ကို လ်ာရောက်ကိုင်တွယ်ခြင်းမျိုး လုံးဝမခံသင့်။ ဦးခေါင်းထက်၌ ကျက်သရေရှိပေရာ ၄င်းဓါတ်ကို ပျက်အောင် ဖရိုဖရဲမဖွယ်မရာများ ဦးခေါင်းပေါ်၌ ဆောင်းခြင်း၊ တင်ခြင်း မပြုရ။
            ဤရာသီဖွား ကျား/မ မရွေးသည် စကားပြောသောအခါတွင် သူတစ်ပါးထက် စကေားပြောနှုန်း မြန်ဆန်သည်။ တခါတရံတွင် တစ်ပါးသူနားမလည်အောင် ဖြစ်သွားတတ်သည်။ စကားပြောနှုန်းလျော့၍ အေးအေးဆေးဆေး စကားပြောသင့်သည်။ ၀ါယာလေဓါတ်သဘာဝ စိုးမိုးမှုအောက်တွင် မွေးသူဖြစ်ပေရာ ပင်ကို သဘာဝသွက်လက်သည်။ တချို့သော ကာလများတွင် သွက်လွန်းသောဟန်သည် ကတိုက်ကရိုက်လုပ်သောပုံစံ ဖြစ်သွားတတ်သည်။
            ဤရာသီဖွားအားလုံးတို့သည် ဥပဓိရုပ် အလွန်ထူးခြားသည်။ ‘Charismatic’ ခဲရစ္စမားတစ်ဟုခေါ်သည့် သမ္ဘာရင့်သောပုံ၊ ထူးခြားပေါ်လွင်သော ရုပ်ရည်အသွင်ရှိသည်။ တစ်ပါးသူနှင့် ယှဉ်လိုက်က  အထူးပေါ်လွင်သော သဘာဝရှိသည်။ ထို့ကြောင့် လူအများကြား သွားလာသောအခါ၌ ဖြစ်သလိုဝတ်ခြင်း မပြုသင့်။ အလိုအလျောက် သူတစ်ပါးမှ မိမိအားစူးစူးစိုက်စိုက်ကြည့်လာသော သဘာဝရှိပေရာ အမြဲတစေသပ်သပ်ရပ်ရပ်ဝတ်သင့်သည်။ ပြုံးရွှင်ရယ်မော၍ စကားပြောဆက်ဆံခြင်းသည် မေထုန်ရာသီ၏ အလုပ်ကိစ္စအောင်မြင်မှု ၁၇% ဖြစ်သည်။ အမြဲတ်စေ ပေါ့ပေါ့ပါးပါးဟန်နှင့် နေတတ်သည်။ အ၀တ်အထည်များ ၀တ်ဆင်သောအခါတွင် အကြောင်အကြား ပုံစံများကို မ၀တ်သင့်။ လူတကာကြားထင်းနေအောင်ပေါ်နေသော အ၀တ်အမ၀တ်သင့်။ ပုံမှန်အနေအထား ၀တ်သင့်သည်။ ရိုးရိုးရှင်းရှင်းဝတ်လေ ဆွဲဆောင်မှုအင်အား မြင့်မားလေ ဖြစ်လာမည်။
ပြိဿရာသီဖွား
Taurus
ဆွဲဆောင်ညှို့ငင်မှုစွမ်းအား အမြင့်ဆုံးသောသူများသည် ပြိဿရာသီဖွားများပေတည်း။ တစ်ပါးသူ ရင်နှလုံးကို သိမ်းကျုံးခုန်စေနိုင်သော ညှို့စွမ်းအားကို ပိုင်စိုးသူများဖြစ်သည်။ တင့်တယ်သောရုပ်ဆင်းအင်္ဂါ ၊ ကျော့ရှင်းသောကိုယ်နေဟန်နှင့် လှပသောလှုပ်ရှားမှုအပေါင်း  ခညောင်းနေသော ဤရာသီဖွားတို့သည် ဖိုသီ ဖတ်သီနေလေ့ရှိသည်။ ရွက်ပုန်းသီးသဖွယ် မိမိအလှမိမိမဖော်ဘဲနေလေ့ရှိသည်။ ဖရိုဖရဲ၊ ကစဥ့်ကလျားဝတ် စားနေထိုင်၍ တစ်ပါးသူများအံ့ဘနန်းငေးမောယူလောက်မည်။ ကိုယ်နေဟန် အလှအပေအလုံးစုံတို့ကို ကွယ် ၀ှက်ပယ်ဖျက်လေ့ရှိသည်။ အလှအပအားဦးစားမပေး။ ဖြစ်ကတတ်ဆန်း ၀တ်တတ်စားတတ်သည်။ အ၀တ်ပုံ ၏ အပေါ်ဆုံးတွင်ရှိသော အ၀တ်တို့အား ၀တ်ဆင်၊ နီးရာအိမ်နေရင်းဖိနပ်ကို ဆင်မြန်း၍ချွေးသန်ရွဲရွဲနှင့် လူ တောထဲ တိုးဝှေ့သွားလာသော သူများဖြစ်သည်။ ထိုသို့မပြုမပြင် ဟန်မလုပ် နေသည့်ကြားမှ စေ့စေ့ကြည့် လေ တင့်တယ်လေဖြစ်မည်။ တစိမ့်စိမ့်ကြည့်၍ မရိုးနိုင်သော အလှအပကို ပိုင်ဆိုင်ထားသည်။ ဆံပင်တွင် မူလသဘာဝအလှ ပြည့်စုံသည်။ ခပ်ပွပွလှိုင်းတွန့်ပုံရှိတတ်သည်။ ကျား/မ မရွေး မျက်တောင်၊ မျက်ခုံးနှင့် မျက်ဝန်းအစုံတို့သည် လင်းလက်၍ ညှို့ငင်နိုင်မှုအပြည့်ရှိသည်။ မျက်မှန်ဝင့်လိုက်လျှင် လူတစ်ဖက်သားမှ နှစ်သက်သွားလောက်အောင် လင်းလက်သော မျက်ဝန်းအစုံကို ပိုင်ဆိုင်သည်။ မျက်မှောင်နေရာ၊ နှာတံနှင့် တကွ အပေါ်နှုတ်ခမ်းအလည်တို့၏ အချိုးကျနမှုသည်ကား အနုပညာမြောက်သော တင့်တည်မှုရှိသည်။ မျက်နှာဝိုင်းသည်ဖြစ်စေ၊ သွယ်သည်ဖြစ်စေ ပါးနှစ်ဘက်နှင့်မေ့ရိုးအကျသည် အလွန်စွဲဆောင်မှုရှိသည်။ ခပ်တွဲတွဲအောက်နှုတ်ခမ်းသည် တဖက်လူကို ရင်ခုံစေအောင် စွဲဆောင်သည်။ ပထ၀ီဓာတ် (EARTH) မြေဓာတ်လွမ်းမိုးသောရာသီတွင် မွေးသူများဖြစ်ပေရာ အရိုး၊ အရေပြား၊ လက်သည်း၊ ခြေသည်းတို့၏ တင့်တယ်မှုသည် တစ်ပါးသူနှင့်မတူ တမူခြားနားသည်။ ၀သည်၊ ပိန်သည်၊ ပုသည်၊ ရှည်သည်မဆို အရိုးအဆစ်ကျနသည်။ တစ်ဖက်သူ ရင်ပူသိမ့်တုန်စေသော အချိုးအဆစ်ကို ပိုင်ဆိုင်သူများဖြစ်ပေရာ ဤရာသီဖွားများသည် မိမိကိုယ်မိမိ သပ်သပ်ရပ်ရပ်တင့်တင့်တည်တည်နှင့် စစ်မှန်သောအလှအပသည်ကား ဤသို့တည်းဟူသော သဘာဝကို ဖော်ထုတ်ရန် မိမိကိုယ်မိမိ တင့်တယ်အောင် နေထိုင်အပ်သည်။ အထူးသတိပြုရန်မှ ဤရာသီဖွားတို့သည် အစားအသောက် အနေအထိုင် ဂရုမစိုက်မှုကြောင့် ခန္ဓာကိုယ်အဆီ တက်မည်။ ၀ဖြိုးလွယ်မည်။ မိမိကိုယ်မိမိ အစားအသောက်ဆင်ခြင်၍ ခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်သည်။ ပြိဿရာသီဖွားအားလုံးတို့သည် သွား၊ သွားဖုံး၊ ခံတွင်းနှင့် လည်ပင်းတို့တွင် အနည်းငယ်အားပျော့သည်။ အနည်းငယ်ဂရုမစိုက်၍ သန့်ရှင်းမှုမရှိပါက ခံတွင်းနံထွက်လွယ်မည်။ အမျိုးသားများတွင် အစာဟောင်းနံ၊ အမျိုးသမီးများတွင် သရေစိမ်းရေစိမ်သောအနံ ထွက်တတ်သည်။ တကိုယ်ရည်သန့်ရှင်းမှုကို အလေးပေးဂ ရုစိုက်သည့်သည်။ အလှကိုအနံ့က ဖျက်တတ်သည်ဟူသော ဆိုစကားကို အလေးတမူပြုသင့်သည်။ အချို့သောကာလ စကားပြောသောအခါတွင် နှုတ်ခမ်းကိုရွဲ့၍ဖြစ်စေ မျက်နှာကိုရှုံ၍ ပြောတတ်သောစရိုက်ကို ပြင်ပါ။ အလှနတ်မိမယ် ဗီးနပ် Venus မှစိုးမိုးထားသော သူများဖြစ်ပေရာ ကျား/မ မရွေးအပြောအဆိုအနေအ ထိုင် သိမ်သိမ်မွေ့မွေ့လှလှပပဖြစ်သင့်သည်။ စိတ်ဒေါသထွက်လျှင် ရုပ်အသွင်တမဟုတ်ခြင်း ပြောင်းသွား တတ်သည်။ ပြိဿနာရာသီဖွားကျောင်း/မ မရွေးတို့သည် တစ်စုံတစ်ရာအား တမြုံမြုံဝါးနေတတ်သော သ ဘာဝရှိသည်။ ကြည့်လိုက်လျှင် ပါးစပ်တလှုပ်လှုပ်ဖြစ်နေခြင်းသည် မိမိအလှအားလျော့ပါးသွားစေမည်။ ပျော့ပျော့ပျောင်းပျောင်း ပါးပါးနွဲ့နွဲ့ အသုံးအဆောင်ပစ္စည်းများဝတ်သင့်သည်။ ထူ၍မာလွန်းသော ပိတ်စနှင့် ချုပ်ထားသော အ၀တ်များမ၀တ်သင့်။ ထူလွန်းသော ဖိနပ်များမ၀တ်သင့်။ ပွယောင်းလွန်းသော အ၀တ်များမ ၀တ်သင့်။ ချပ်ချပ်ရပ်ရပ် သပ်သပ်ရပ်ရပ်ရှိသင့်သည်။ တင်းတင်းရင်းရင်း ဖုထစ်ပေါ်လွင်စေသော ပုံသဏ္ဍာန် အား မိမိ၏ မူရင်းပုံစံစတိုင်အစြဖ် အမြဲယူထားသင့်သည်။ ခြေသည်း၊ လက်သည်းတို့တွင် ထူးခြားသည့်ဆွဲ ဆောင်မှုရှိပေရာ သပ်ရပ်စွာထားပါ။ ချေးညှော်ကင်းအောင်ထားပါ။ အမျိုးသမီးများတွင် ဘယ်ရှည်၊ ညာတိုမ ထားသင့်။ ကျား/မ မရွေးတစ်ချောင်းတည်းလက်သည်း အရှည်မထားရ။ ဥပဓိရုပ်နှင့် ကျက်သရေကျဆင်း သွားနိုင်သည်။ မူလအသားအရေလင်းလက်ဝင်းဝါသော အသားအရေပိုင်ဆိုင်သည်။ သနပ်ခါးမျက်နှာခေအစ ရှိသည်တို့အား ထူထဲပိန်းပိတ်အောင် လိမ်းချယ်ခြင်းမပြုရ။ မူလအသားအရေ လှပကွယ်ပျောက်သွားမည်။ ချွေးတစို့စို့နှင့် နဂိုနေဟန်သည် ညှို့ငင်မှုအမြင့်ဆုံးဖြစ်ကြောင်း သတိချပ်သင့်သည်။
မိဿရာသီဖွား
Aries
                        သန်စွမ်းလှသော ချိုအစုံနှင့် တောင်ဆိတ်တစ်ကောင်ပုံ ဖော်ကျူးထားသည့် မိဿရာသီဖွားတို့၏ ဘ၀ကိုဖော်ပြသည်။ ရန်အပေါင်းတို့ကို ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း၊ အမြဲတစေ ပဋိပက္ခများနှင့် ရင်ဆိုင်ဖြေရှင်း ရခြင်း၊ တွန်းတွန်းတိုက်တိုက်နှင့် ဘ၀ဦးတည်ချက်များကို ဖော်ကျူးရသော သူများဟု ဆိုသည်။ သီးသန့်သီး ခြား နေထိုင်၍ ဘ၀တိုးတက်မှု ရှာဖွေသောသူများဟု သတ်မှတ်သည်။ အစပထမဦးဆုံးသော ရာသီဖွားများ ဖြစ်ပေရာ အမြဲတစေ သူတစ်ပါးထက် ခြေလှမ်းဦးအောင်သာအောင် လုပ်နိုင်စွမ်းရှိသည်။ အရာရာတို့၏ အစပျိုးခြင်းကို ဆောင်ရွက်နိုင်စွမ်းရှိသည်။ ဤရာသီဖွားအားလုံးတို့သည် အခြားသောလူသားများနှင့်မတူ တောင်ဆိတ်တစ်ကောင်အလား သီးသီးသန့်သန့် နေတတ်၍ ကြမ်းတမ်းသောလမ်းကြောင်းကို ထွင်းဖောက် ပြီး အခေါင်အဖျားသို့ ရောက်အောင် တက်လှမ်းနိုင်သူများ ဖြစ်သည်။
          ကနဦးအစ အလုံးစုံတို့ကို ဖန်ဆင်းသော တန်ခိုးရှင် နတ်ဖုရားတို့၏ အမည်နာမနှင့် ဖြစ်ရပ်တို့သည် လူမျိုး၊ ဘာသာ၊ ရိုးရာကိုးကွယ်မှု ဓလေ့အလိုက် ကွဲပြားမှုရှိလင့်ကစား အသီးသီးသော ရှေးဟောင်းဒဏ္ဍာရီတို့ ၏ ကျိန်စာနှင့် မနာလိုမုန်းထားမှုကို ခံယူရသူများ ဖြစ်ပေသတည်း။ မကောင်းမှုကို လုပ်ဆောင်ရန် လှုံ့ဆော် တိုက်တွန်းသည်။ အမျက်ဒေါသကို သွတ်သွင်း၍ အမှားများကို ပြုစေသည်။ ဆိုးသွမ်းသော ဗီဇစိတ်ကို အကုသိုလ်စိတ်နှင့် ဖုံးလွှမ်းကွယ်ဝှက်ကာ ပေတေဆိုးသွမ်းမှုဘက်၌ ဒိတ်ဒိတ်ကြဲဖြစ်အောင် တွန်းပို့ကြကုန် သည်။ ကောင်းခြင်းကိစ္စနှင့်တကွ ကောင်းမှုကုသိုလ်လုပ်မည်ဆိုက အမျိုးမျိုးနှောင့်ယှက်မှုများ ကြုံမည်။ လုပ်ဆောင်ရန် အလွန်ခက်ခဲမည် ဖြစ်ပေရာ ဤရာသီဖွားတို့သည် မိမိကိုယ်မိမိ ထိန်းရမည်။ အရွယ်နှင့်မမျှ အသိဥာဏ်ရှိစွာနှင့် အကောင်းအဆိုးကို ပြတ်သားစွာ သိရှိပြီးနောက် မိမိကိုယ်မိမိ ထိန်းကျောင်းက ကောင်း သောသူတစ်ယောက်ဖြစ်အောင် ကြိုးစားရန် အထူးလိုအပ်ပေသည်။
          ဒဏ္ဍရီအလိုအရ တန်ခိုးအင်မတန် ထည်ဝါလှသော နတ်တို့အား အုပ်စိုးသော အိုလံပီယာ မဟာ နတ်မင်းကြီး 12 ပါး The Twelve Great Olympians အနက် အစွမ်းထက်လှသောအင်္ဂါ စစ်နတ်ဘုရားမားစ် မှ ပိုင်စိုးသော ရာသီဖွားများ ဖြစ်ပေရာ သြဇာကြီးသည်။ စိုးမိုးနိုင်သည်။ အမိန့်ပေးနိုင်စွမ်းရှိသည်။ ဦးဆောင် နိုင်စွမ်းရှိသည်။ အကြောက်အရွံ့မရှိ။ ရဲရင့်သည် ရန်အတိုက်အခံအားလုံးကို အမြစ်ပြတ်အောင် အညှိုးတကြီး ဖြေရှင်းတတ်သည်။ အခက်အခဲနှင့် ရင်ဆိုင်တွေ့လေ အရည်အသွေး ထက်မြက်လေဖြစ်မည်။ မဟုတ်မခံ စိတ် ရှိမည်။ အမှန်တရားဘက်မှ ရပ်တည်မည်။
          မားစ်နတ်ဖုရားသည် ထူးခြားစွာ မွေးဖွားသည်။ အဖိုမျိုးစေ့ လုံးဝမပါဘဲ နတ်ဒေ၀ီ ဂျူနို Juno မှ ပေါက်ဖွားသောသူ  ဖြစ်ပေရာ မိခင်ကို အလွန်တွယ်တာသော သဘာဝရှိ၍ မိခင်စကား ဦးထပ်ထားသောသူ ဖြစ်သည်။ မားစ်ကို ကိုယ်စားပြုသော ဤရာသီဖွား ကျား၊ မ မရွေးတို့သည် မိခင်နှင့် မိခင်ဆိုင်ရာ အမျိုးအ နွယ်ဘက်ကို ခင်တွယ်သံယောဇဉ် ရှိတတ်သည်။ ဖခင်ဆွေမျိုးဘက်သို့ ဆက်နွယ်သော စရိုက်နည်းပါးသည်။ အချို့သော မိဿရာသီဖွားတို့သည် ဖခင်ဘက်ဆိုင်ရာ အမျိုးအနွယ်ကိုဖယ်ရှားတတ်သည်။ဤစရိုက်ကိုပြုပြင် သင့်သည်။ တိုက်ပွဲအရာတွင် အောင်နိုင်သောမားစ်သည် Goddess of Love Venus အချစ်နတ်မိမယ် ဗီးနပ်စ်၏ အချစ်ကွန်ယက်ဖြန့်ကျက်မှုအောက်တွင် ဒူးထောက်အညံ့ခံရသူ ဖြစ်ပေရာ ဤ ဒဏ္ဍာရီနိမိတ် အလား မိဿရာသီဖွား ကျား၊ မ မရွေးတို့သည် အချစ်နှင့် ပတ်သက်လျှင် အမြဲတစေအရှုံးသမား ဖြစ်တတ် သည်။အချစ်စေစားရာတွင် ဘ၀လွင့်ပါးသွားတတ်သည်။ အချစ်ကို ဦးစားပေးလွန်း၍ ဘ၀တွင် နစ်နာခြင်း၊ဆုံး ရှုံးခြင်းများဖြစ်တတ်သည်။ နှလုံးသားခံစားချက်အားဦးစားပေးခြင်းကို လျော့သင့်သည်။
          ဘ၀လမ်းကြောင်းတွင် အသက် ၇၊၁၀၊ ၁၉၊ ၃၀၊ ၃၆၊ ၃၉ များတွင် ဘ၀အခက်အခဲများနှင့် ထိပ်တိုက်တွေ့မည်။ ဤရာသီဖွားအားလုံးတို့သည် သုံးကြိမ်ထက်မနည်း ဘ၀အချိုးအကွေ့ကြုံတွေ့ပြီးမှ ဘ၀ တည်ငြိမ်မှု ရမည်။
ကန်ရာသီဖွား
Virgo
ရှေးဟောင်း ဘာဘီလုံ ပညာရှင်တို့သည် ကန်ရာသီသည်ကား ကြယ် (13) ခုနှင့် ကောက်ပဲသီးနှံ၊ စားနပ်ရိက္ခာတို့ကို ဖွံ့ဖြိုးစေသည့် နတ်သမီး “ Goddess of the grain “ ဖြစ်သူ “နီဒါးဗား“ (Nidaba) ၏ ပုံရိပ်သင်္ကေတ ဖြစ်သည်ဟုဆိုသည်။ လက်တစ်ဖက်သည်ကား ပ၀ါကို ကိုင်ဆောင်ထားသော ပုံရိပ်နှင့် ကောင်းကင်တွင် တည်ရှိသည်ဟုဆိုသည်။ (Nidaba) နီဒါးဗား နတ်သမီးပုံရိပ်၏ ကြယ်စင်အလင်းတန်းအောက်တွင် မွေးဖွားသူ အားလုံးတို့သည် ထူးခြားသော လူသားအကျိုးပြုခြင်းကို ပိုင်စိုးထားသည်ဟု ဆို၏။
            စပါးနှံကို ကိုင်ဆောင်ထားသော နိမိတ်ပုံသည်ကား စားနပ်ရိက္ခာ ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။ စိုက်ပျိုးမှုနှင့်တကွ စားသုံးသူတိုထံ ကုန်စည်စီးဆင်းရောက်ရှိစေရန်နှင့် သဘာဝကိုအသုံးချ၍ လူသားတို့ ရပ်တည်ခြင်းကို နိမိတ်ဖော်သည့်အတိုင်း ဤရာသီဖွားတို့သည် စားသုံးမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုနှင့်တကွ သဘာဝမြေပြင်မှ သယံဇာတတို့ကို ထုတ်ယူသုံးစွဲခြင်းဖြင့် လူ့လောကကို အကျိုးပြုသည်။ လက်တစ်ဖက်တွင် ပ၀ါရှည်ကို ကြာပွတ်သဖွယ် သုံးစွဲသည်။ မကောင်းဆိုးဝါးတို့အား ဖယ်ရှားသော လက်နက်ဖြစ်သည်။ ဤရာသီဖွားတို့သည်ကား သူတစ်ပါးအား ရန်ဘေးဒုက္ခမကျရောက်အောင် ကာကွယ်ပေးသည်။
            ကန်ရာသီကို ဗုဒ္ဓဟူးဂြိုဟ်မှ စိုးမိုးသည်။ ဤရာသီကို ပိုင်စိုးသည့် ဗုဒ္ဓဟူးဂြိုဟ်ကို “Mercury“ မာကျူရီဟုလည်းကောင်း၊ “Hermies“ ဟားမီးစ်ဟူ၍လည်းကောင်း ခေါ်သည်။ ဤနတ်ဒေ၀တာသည် လူသားတို့အား စာပေ၊ အနုပညာကို တတ်မြောက် အောင် သင်ကြားပေးသည်။ ထက်မြက်သော ဥာဏ်ရည်ရှိသည်။ ပရိယာယ်ကြွယ်ဝသည်။ ထိထိမိမိနှင့် ထွန်းပေါက်အောင် လုပ်နိုင်စွမ်းရှိသည်။ ဘာသာစကားနှင့် ပတ်သက်သော ပါရမီရှိသည်။ လူအများနှင့် ထိတွေ့ဆက်ဆံသော အတတ်ကိုလည်း ပိုင်ဆိုင်သည်။
            အီဂျစ်ကျမ်းများတွင် ကန်ရာသီ၏ ရုပ်ပုံသည်ကား “ရှာလား“ (Shula) ဟူသော နတ်ဒေ၀ီ၏ ပုံဖြစ်သည်။ ရှေးဟောင်း ရတနာတို့ကို စောင့်ရှောက်သည်။ သိဟ်ရာသီ ခြင်္သေ့ပုံ၏ အမြီးကိုလက်နှင့် ဆွဲကိုင်ထားသည့်ပုံ ဖြစ်သည်။ ဤနိမိတ်ပုံအရ ကန်ရာသီဖွားတို့သည် အနုပညာပစ္စည်း၊ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးထားသည်။ တန်ဖိုးကြီးပေး၍ ၀ယ်ယူစုဆောင်းသည်။ အီဂျစ်ရှေးကျမ်းတို့တွင် “Shula“ နတ်သမီး၏ နန်းတော်သည် ရှေးဟောင်းပြတိုက်ကြီးအလား ဖြစ်သည်။ ၄င်းအပြင် သားရဲတိရစ္ဆာန် များစွာ အနီးအပါး လှုပ်ရှားနေကြသည်။ ဤသဘာဝနှင့်ထပ်တူညီကာ ကန်ရာသီဖွားတို့သည် ဤအနုပညပစ္စည်းများကို ပိုင်ဆိုင်ခြင်း အပေါ်ဂုဏ်ယူဝင့်ကြွားမည်။ အိမ်မွေးခွေးမှအစ တစ်ပါးသူမမွေးရဲသည့် သားရဲတိရစ္ဆာန်များကို ငွေကြေးမြောက်များစွာ ၀ယ်ယူမွေးမြူလေ့ရှိသည်။ တိရစ္ဆာန်များကို ယဉ်ပါးအောင် အလွယ်တကူ ထိန်းကျောင်းနိုင်သည်။ ၀ါသနာအပေါ် အခြေတည်၍ ငွေကြေးဖြုန်းတီးတတ်သည်။ ဤအားနည်းချက်ကို အသုံးချ၍ တစ်ပါးသူက အခွင့်အရေးယူတတ်သည်။
            ကန်ရာသီဖွားအားလုံးတို့သည် စိတ်ကြီးသည်။ အမျက်ကြီးသည်။ ပြဿနာမရှိလျှင် မနေတတ်။ အမြဲတစေ တိုက်ပွဲဝင် နေတတ်သည်။ အလုပ်တစ်ခုအား ရှေ့တိုးလုပ်ကိုင်ခြင်းထက် ပြဿနာအား အချိန်ယူဖြေရှင်းခြင်း၊ သင်္ကာရှင်းနေခြင်းများကြောင့် ရှေ့တိုးဆောင်ရွက်မှုအား လျော့နည်းသွားတတ်သည်။
သတိရခြင်း
ချစ်သူ........
မနက်ခင်းမှာ ငှက်ကလေးတွေ
တေးဆိုသံကို ကြားရခိုက်မှာ
မင်းကို သတိရမိတယ်...၊၊
ချစ်သူ.......
နေရောင်ခြည်ထွက်
သက်တန့်ရောင်ဖြာ
ဥသြလေးတွေ တေးသီကြတာ
မင်းကို သတိရလိုက်တာ......၊၊
ချစ်သူ.......
ညဥ့်နက်သန်းခေါင်
လရောင်ကိုကြည့်
တွေးမိတာက မင်းအကြောင်းပါ
ကြယ်တွေကိုရေတွက်
မင်းကို သတိရလျက်......၊၊
                       (ဆု)
(ကျနော့် သူငယ်ချင်း စုမြတ် ကဗျာလေးပါ ...)  စာခလေး
ထာဝရ .... သူငယ်ချင်း
သူငယ်ချင်း.....
ဘ၀ပင်လယ်မှာ
လှေငယ်မျှောလွင့်
အတူစီးရင်း ခင်မင်ခဲ့ကြတယ်.....
လှိုင်းထန်လေထန်
ကြမ်းတမ်းမုန်တိုင်း တိုက်ခတ်ချိန်လဲ
ဘေးနားမှာရပ် အားပေးခဲ့တယ်....
လေပြည်ငြိမ်သက် သာယာချိန်လဲ
ပျော်ရွင်ကြည်နူး ရယ်မောခဲ့ကြတယ်.....
မင်းအတွက်ငါ
ငါ့အတွက်မင်း
ရင်ခွင်တံခါးကို အမြဲဖွင့်
အဆင်သင့်ပဲ ရှိနေကြတယ်....
သ၀န်မတို
စိတ်မကောက်ကြေး
ဗွေမယူသူ ချစ်သူငယ်ချင်း...
ငါတို့နှစ်ယောက်ဟာ
အဖြူရောင် အချစ်တွေနဲ့
ထာဝရ ..... သူငယ်ချင်းပါပဲ။          ။
             (ဆု)
ဒီကဗျာလေးက ငါကိုယ်တိုင်ရေးထားတာပါ အမှတ်တရပေါ့နော်......
(ကျနော့်သူငယ်ချင်း စုမြတ်ရဲ့  ကဗျာလေးပါ ...)  စာခလေး