စိတ်တွေလေနေသည် . . .
ချစ်ခဲ့ရတဲ့ မပိုင်နိုင်တော့တဲ့
ချစ်သူအိုမလေးကိုလည်း ခပ်နွမ်းနွမ်းလေး
သတိရနေသည် . . .
ဘာလိုလိုနဲ့ ငါတစ်ယောက်တည်း
မှတ်ယူထားတဲ့ ချစ်သူသက်တမ်းကြီးက
သြော် . . .
ဘာလိုလိုနဲ့ ငါးနှစ်လေးတောင်
ပြီးမြောက်သွားပေါ့ ။
တစ်ကယ်ဆုံခွင့်ရတာကတော့
ထပ်ခါထပ်ခါနွှေးတောင်
ငါးရက်မျှ မပြည့်ချင်ဘူးလေ ၊
ခုချိန်လောက်ဆိုရင် သူမမှာ
အနာဂတ်ရတနာလေးများ ရှိနှင့်နေပါ့ ၊
သူမ လက်တွဲဖော်လေးကကော
အစဉ်နားလည် ချစ်ခင်နိုင်ပါ့ . . .
တစ်ချိန်ခါကို ခဏလောက်
ပြန်တွေးမိရင်တောင် ဖြူဖြူစင်စင်
ကုန်ဆုံးခဲ့တဲ့ မင်းနဲ့ငါ့ရဲ့
အချစ်တွေကို ဒီနေ့ကစလို့
နောက်ဆုံး လွမ်းဆွတ်ခြင်းပဲပေါ့နော် . . .
ခွဲသွားလို့လည်း မနာကျည်းခဲ့ပါဘူး
ပစ်သွားလို့လည်း မမုန်းတီးနိုင်ပါဘူး
တစ်ဘ၀စာနီးပါး အရိပ်မည်းကြီး
ထင်နေစေလို့လည်း ရက်စက်တယ်လို့
မအောင့်မေ့တော့ပါဘူးလေ . . .
ပြောနေကြလေးတော့ ထပ်ပြောချင်ပါသေးတယ်လေ . .
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော် . . .
အသောက
( ဟဲ .. ကျနော့် အကောင်မလေး ယောကျာင်္းရတယ်လို့ ကြားကြားချင်း တွေးတွေးပြီး ရေးမိတာပါ .. ရတာတော့ ကြာပြီ .. ဒါပေမယ့် Malaysia မှာ ရောက်နေတော့ အဆက်အသွယ်မရတာကြောင့် သူ့ကျန်းမာရေးကောင်းလား မပြောနဲ့ သူမ ယောကျာင်္းရတာတောင် မသိလိုက်ရပါဘူးလေ .. ပြောတော့ သူပြောသားဗျ .. အကြာကြီး စောင့်လို့မရဘူးနော် တဲ့လေ ..)
Friday, November 5, 2010
London & Vegas
ဖော်ကွာဝေးလို့ လွမ်းဆွတ်စေစေ
ထီးကျန်ကင်းလို့ စိတ်တွေလေလေ
အပျော်အေးလို့ ပူတွေဝေေ၀
စေလို့ကလည်း စေလေ
လေလို့ကလည်း လေလေ
ဝေလို့ကလည်း ဝေလေ
ဘယ်လောက်ပင် ဝေပါစေဦးတော့
စိတ်တော်ဖြည့်စေတဲ့ ဆေးတံလေးရယ် ။
လွင့်ကျမနေအောင် ခံတော်ပေးတဲ့
ဆေးခွက်လေးရယ် ။
ထွက်ကျလာတဲ့ မီးခိုးငွေ့တိုင်းရယ်ကတော့
ဘယ်တော့မှ အောက်ကျသွားတယ်
မရှိပါဘူးလေ ။ ။
အသောက
သတိ 18 နှစ်ပြည့်မှ ဖတ်ပါ
( ဒီနေ့ ဆေးလိပ်သောက်လို့ သိပ်ကောင်းတယ်ဗျာ .. ကောင်းဆို အိမ်ကို ငွေပို့ပြီးပြီကိုး ဟီးးးးး တစ်ခါခါ အပျော်ပဲဖြစ်ဖြစ်၊ ငိုချင်စရာပဲဖြစ်ဖြစ် တစ်ခါတစ်လေမှ သောက်ဖြစ်တဲ့ ဆေးလိပ်လေးက မိုက်သဗျ )
ထီးကျန်ကင်းလို့ စိတ်တွေလေလေ
အပျော်အေးလို့ ပူတွေဝေေ၀
စေလို့ကလည်း စေလေ
လေလို့ကလည်း လေလေ
ဝေလို့ကလည်း ဝေလေ
ဘယ်လောက်ပင် ဝေပါစေဦးတော့
စိတ်တော်ဖြည့်စေတဲ့ ဆေးတံလေးရယ် ။
လွင့်ကျမနေအောင် ခံတော်ပေးတဲ့
ဆေးခွက်လေးရယ် ။
ထွက်ကျလာတဲ့ မီးခိုးငွေ့တိုင်းရယ်ကတော့
ဘယ်တော့မှ အောက်ကျသွားတယ်
မရှိပါဘူးလေ ။ ။
အသောက
သတိ 18 နှစ်ပြည့်မှ ဖတ်ပါ
( ဒီနေ့ ဆေးလိပ်သောက်လို့ သိပ်ကောင်းတယ်ဗျာ .. ကောင်းဆို အိမ်ကို ငွေပို့ပြီးပြီကိုး ဟီးးးးး တစ်ခါခါ အပျော်ပဲဖြစ်ဖြစ်၊ ငိုချင်စရာပဲဖြစ်ဖြစ် တစ်ခါတစ်လေမှ သောက်ဖြစ်တဲ့ ဆေးလိပ်လေးက မိုက်သဗျ )
ချစ်ငှက်ငယ်
ချစ်ငှက်ငယ်ရေ အသင်လိုရာ
အာကာပြင်မှာ လေဟုတ်စီးရင်း
ပျံသန်းရင်းနဲ့ တောင်ငယ်ညောင်းလျှင်
မောင့် ရဲ့လက်တော် သစ်ပင်အိုတွင်
ခတ္တနားလို့ အမောဖြေပါ့ ။ ။
ချစ်ငှက်ငယ်ရေ အသင်နားရာ
သစ်ပင်အိုမှာ ဟိုမှသည်ဘက်
လှိမ့်လိုကလှိမ့် ညိမ့်စေကညိမ့်
ဖြေလို့ပြေလို့ ပျံလို့ချင်တော့
မောင့် ရဲ့ရင်ခွင် ကောင်းကင်ပြင်မှာ
စိတ်လိုလက်ရ လေဟုန်စီးပါ့ ။ ။
ချစ်ငှက်ငယ်ရေ အသင်ပျော်ရင်
လိုတိုင်းနားတိုင်း အမောင်ရှိမယ်
လိုရာပြည့်စေ အမောင်ပေးမယ်
လိုရာခရီး နှင်ပါစေကွယ် ၊
လိုရာခရီး စေပါလေကွယ် ။ ။
အသောက / ကျော်ဇင်
( ကဗျာတစ်ပုဒ် နှစ်ယောက်ရေးတာပေါ့ .. တခါခါကြရင် နေရာဒေသပေါ်မူတည်ပြီး သီချင်းတစ်ပုဒ်တောင် မတိုက်ထားပဲ တူတူ
ဆိုမိတာမျိုးပေါ့ဗျာ )
အာကာပြင်မှာ လေဟုတ်စီးရင်း
ပျံသန်းရင်းနဲ့ တောင်ငယ်ညောင်းလျှင်
မောင့် ရဲ့လက်တော် သစ်ပင်အိုတွင်
ခတ္တနားလို့ အမောဖြေပါ့ ။ ။
ချစ်ငှက်ငယ်ရေ အသင်နားရာ
သစ်ပင်အိုမှာ ဟိုမှသည်ဘက်
လှိမ့်လိုကလှိမ့် ညိမ့်စေကညိမ့်
ဖြေလို့ပြေလို့ ပျံလို့ချင်တော့
မောင့် ရဲ့ရင်ခွင် ကောင်းကင်ပြင်မှာ
စိတ်လိုလက်ရ လေဟုန်စီးပါ့ ။ ။
ချစ်ငှက်ငယ်ရေ အသင်ပျော်ရင်
လိုတိုင်းနားတိုင်း အမောင်ရှိမယ်
လိုရာပြည့်စေ အမောင်ပေးမယ်
လိုရာခရီး နှင်ပါစေကွယ် ၊
လိုရာခရီး စေပါလေကွယ် ။ ။
အသောက / ကျော်ဇင်
( ကဗျာတစ်ပုဒ် နှစ်ယောက်ရေးတာပေါ့ .. တခါခါကြရင် နေရာဒေသပေါ်မူတည်ပြီး သီချင်းတစ်ပုဒ်တောင် မတိုက်ထားပဲ တူတူ
ဆိုမိတာမျိုးပေါ့ဗျာ )
ခရီးသမ်း
တအုံ့အုံ့နွေး ရင်မှာတွေးလို့
မေ့လေဆွေးလေ နာကျင်လေနှင့်
ခံစားသမျှ စီကုံးရလို့
စာသားများတောင် အော်ညည်းလှပြီ
တော်ပါပြီကော ကိုချစ်ဦးရယ်တဲ့ ။ ။
နောင်ခါမှာများ ဆုံဖြစ်ကြရင်
ယောကျာင်္းမမြည် မလည်းမမှီ
အပုံးကြီးသာ ဖြစ်ပါရစေ ။ ။
မိန်းမပီပီ ဆန္ဒသီလို့
သန်းခေါင်ကျော်ကြီး တစ်ချက်တီးမှာ
မြွေပွေးမကြောက် စိတ်တွေဖောက်လို့
မောင်ကြီးရင်ခွင် ခါတော်မှီဖို့
ရောက်လာပါမှ မောင်ကြီးသနား
ချစ်တွေခါးလို့ စာသာကျက်ပါ
ငါ့နှမရယ်တဲ့ ။ ။
သြော် .....
ဆိုသောစကား ဘယ်နားထား၍
ဘာနဲ့ဖြေပါ့ ရက်စက်ပါပေ့
ကိုမောင်ကြီးရယ်တဲ့ ၊
နောင်ခါမှာများ မှီဖို့တွေးမိ
စိတ်တော်ရှိလျှင် ခံစားစိတ်ကို
ဒဏ်ပေးဖို့ပင် ဆုံးဖြတ်ပေ၏ ၊
တစ်လုံးငါးမူး ချိုဘိဈေးမို့
စားလို့လည်းရ ဖြေလို့ရမို့
ပွဲတည့်ပါ၏ ခရမ်းသီးကြီးတည်း ။ ။
အသောက
( ရိုင်းသည့် ကဗျာတစ်ပုဒ် ဖြစ်သည်ဟု ၀န်ခံပါသည်။ သို့ပေမယ့် စွန့်ပစ်သွားသော အချစ်ဦးကို လွမ်းလည်း လွမ်း ၊
နာလည်း နာ ရမို့ ခံစားမိသမျှ ချရေးမိတာမို့ မှတ်ထားပါသည်။ ခွင့်လွှတ်ပါရန် .... )
မေ့လေဆွေးလေ နာကျင်လေနှင့်
ခံစားသမျှ စီကုံးရလို့
စာသားများတောင် အော်ညည်းလှပြီ
တော်ပါပြီကော ကိုချစ်ဦးရယ်တဲ့ ။ ။
နောင်ခါမှာများ ဆုံဖြစ်ကြရင်
ယောကျာင်္းမမြည် မလည်းမမှီ
အပုံးကြီးသာ ဖြစ်ပါရစေ ။ ။
မိန်းမပီပီ ဆန္ဒသီလို့
သန်းခေါင်ကျော်ကြီး တစ်ချက်တီးမှာ
မြွေပွေးမကြောက် စိတ်တွေဖောက်လို့
မောင်ကြီးရင်ခွင် ခါတော်မှီဖို့
ရောက်လာပါမှ မောင်ကြီးသနား
ချစ်တွေခါးလို့ စာသာကျက်ပါ
ငါ့နှမရယ်တဲ့ ။ ။
သြော် .....
ဆိုသောစကား ဘယ်နားထား၍
ဘာနဲ့ဖြေပါ့ ရက်စက်ပါပေ့
ကိုမောင်ကြီးရယ်တဲ့ ၊
နောင်ခါမှာများ မှီဖို့တွေးမိ
စိတ်တော်ရှိလျှင် ခံစားစိတ်ကို
ဒဏ်ပေးဖို့ပင် ဆုံးဖြတ်ပေ၏ ၊
တစ်လုံးငါးမူး ချိုဘိဈေးမို့
စားလို့လည်းရ ဖြေလို့ရမို့
ပွဲတည့်ပါ၏ ခရမ်းသီးကြီးတည်း ။ ။
အသောက
( ရိုင်းသည့် ကဗျာတစ်ပုဒ် ဖြစ်သည်ဟု ၀န်ခံပါသည်။ သို့ပေမယ့် စွန့်ပစ်သွားသော အချစ်ဦးကို လွမ်းလည်း လွမ်း ၊
နာလည်း နာ ရမို့ ခံစားမိသမျှ ချရေးမိတာမို့ မှတ်ထားပါသည်။ ခွင့်လွှတ်ပါရန် .... )
Subscribe to:
Posts (Atom)