Home

Sunday, December 18, 2011

အရိမေတ္တေယျဘုရား

ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလ၀ံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန်တော့လိုက်ပါတယ် ဘုရား ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် “အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။”

အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ်။ (သုံးချက်ထဲပါ )

သားမြေးတို့အတွက် ကြိုးစားကြစို့

ငါ သာလျှင် တော် ၊
သူ မတော် ဟု
လူတော် ထင်ပါ ၊

တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ကြွားရင်းနှင့် နစ် ၊
ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊
တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

အကောင်း ဆိုးထင် ၊
ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊
တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

သူ့ကို ငါညှိုး ၊
ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊
တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့်
နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့။   

မင်းသုဝဏ်

သူငယ်ချင်းသို့

ဟေ့.. သူငယ်ချင်း
မင်းရဲ့ကိုယ်ကျင့်
သင့် မသင့်လည်း
မင်းနဲ့သာဆိုင်
ငါ မပိုင်တည်။

ငါရဲ့ကိုယ်ကျင့်
သင့် မသင့်လည်း
ငါနဲ့သာဆိုင်
မင်း မပိုင်တည်။

ဗုဒ္ဓမြတ်စွာ
ဟောပြတာက
ကျက်သရေရှိအောင်
ထွန်းလင်းပြောင်ဖို့
လုပ်ဆောင်တာလည်း
ကိုယ်သာတည်။

ကျက်သရေမဲ့အောင်
နိမ့်ကျအောင်လည်း
လုပ်ဆောင်တာက
ကိုယ်သာတည်။
ဟေ့.. သူငယ်ချင်း
ဘယ်သူမပြု မိမိမှုဟု
ဗုဒ္ဓစကား
ဓမ္မများကို
လိုက်နာကြစို့ သူငယ်ချင်း။

အရှင်ကောသလ္လ(မစိုးရိမ်)