ဤလက်များဖြင့်
တံတားလမ်းတာ အိမ်ဂေဟာနှင့်
များစွာယာဉ်တို့ စက်ရုံတို့ကို
ငါတို့တည်ဆောက်နိုင်ကြ၏ ။
ဤလက်များဖြင့်
ဆန်းပြားမျိုးစုံ လူသုံးကုန်နှင့်
ဆန်ဂျုံရိက္ခာ လိုရာရာကို
ငါတို့ဖန်တီးနိုင်ကြ၏ ။
ဤလက်များဖြင့်
ဆေးကားပန်းချီ စာအစီနှင့်
ဂီတကဗျာ အနုပညာကို
ငါတို့ပြုစုနိုင်ကြ၏ ။
ဤလက်များဖြင့်
တရားဆီမီး ထိန်ထိန်ညီးကို
ငါတို့ထွန်းညှိနိုင်ကြ၏ ။
ဤလက်များဖြင့်
မတရားမှု အစုစုကို
ငါတို့တိုက်ခိုက်နိုင်ကြ၏ ။
ဤလက်များတို့
မားမားကြွကြွ ရှိသမျှလျှင်
လောကကမ္ဘာ နေထိုင်ရာဝယ်
ငါတို့ဘာကို ကြောက်အံ့နည်း ။ ။
ကဗျာစာဆို = မင်းယုဝေ
No comments:
Post a Comment
သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..