ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်စာမျိုးကို ကြိုက်သနည်း
ပလွှားလို၍ ကိုယ်ရည်သွေးတဲ့စာ
သူ့ကိုမုန်း၍ အမျက်နှင့်တီးသည့်စာ
ပုတီးကိုပြ၍ အ၀စားချင်သောစာ
လက်တွေ့မပါ စိတ်ကူးယဉ်စာ
ထိုစာဟူသမျှ သာမညဖြစ်၍
လောကကောင်းကျိုး ကံသုံးမျိုး၏
ကျိုးပြစ်ချိန်လျာ အမြင်ပါ၍
မေတ္တာဓမ္မ အမြင်ပြ၍
ဘ၀ခြေခံ စိတ်ကူးဥာဏ်ဖြင့်
ဖန်တီးပါမှ စာပေအလှ ။ ။
ကဗျာစာဆို = ဇော်ဂျီ
No comments:
Post a Comment
သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..