Home

Friday, November 5, 2010

နောက်ဆုံးချိန်ထိ ဂရုစိုက်ပါကွာ ..

စိတ်တွေလေနေသည် . . .
ချစ်ခဲ့ရတဲ့ မပိုင်နိုင်တော့တဲ့
ချစ်သူအိုမလေးကိုလည်း ခပ်နွမ်းနွမ်းလေး
သတိရနေသည် . .  .

ဘာလိုလိုနဲ့ ငါတစ်ယောက်တည်း
မှတ်ယူထားတဲ့ ချစ်သူသက်တမ်းကြီးက
သြော် . . .
ဘာလိုလိုနဲ့ ငါးနှစ်လေးတောင်
ပြီးမြောက်သွားပေါ့ ။

တစ်ကယ်ဆုံခွင့်ရတာကတော့
ထပ်ခါထပ်ခါနွှေးတောင်
ငါးရက်မျှ မပြည့်ချင်ဘူးလေ ၊

ခုချိန်လောက်ဆိုရင် သူမမှာ
အနာဂတ်ရတနာလေးများ  ရှိနှင့်နေပါ့ ၊
သူမ လက်တွဲဖော်လေးကကော
အစဉ်နားလည်  ချစ်ခင်နိုင်ပါ့ . . .

တစ်ချိန်ခါကို ခဏလောက်
ပြန်တွေးမိရင်တောင်  ဖြူဖြူစင်စင်
ကုန်ဆုံးခဲ့တဲ့ မင်းနဲ့ငါ့ရဲ့
အချစ်တွေကို  ဒီနေ့ကစလို့
နောက်ဆုံး  လွမ်းဆွတ်ခြင်းပဲပေါ့နော် . . .

ခွဲသွားလို့လည်း    မနာကျည်းခဲ့ပါဘူး
ပစ်သွားလို့လည်း   မမုန်းတီးနိုင်ပါဘူး
တစ်ဘ၀စာနီးပါး  အရိပ်မည်းကြီး
ထင်နေစေလို့လည်း  ရက်စက်တယ်လို့
မအောင့်မေ့တော့ပါဘူးလေ . . .

ပြောနေကြလေးတော့ ထပ်ပြောချင်ပါသေးတယ်လေ . .
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော် . . .

အသောက

( ဟဲ  ..  ကျနော့်  အကောင်မလေး ယောကျာင်္းရတယ်လို့  ကြားကြားချင်း  တွေးတွေးပြီး  ရေးမိတာပါ ..  ရတာတော့  ကြာပြီ .. ဒါပေမယ့် Malaysia မှာ ရောက်နေတော့  အဆက်အသွယ်မရတာကြောင့် သူ့ကျန်းမာရေးကောင်းလား မပြောနဲ့  သူမ ယောကျာင်္းရတာတောင်  မသိလိုက်ရပါဘူးလေ .. ပြောတော့ သူပြောသားဗျ ..  အကြာကြီး စောင့်လို့မရဘူးနော် တဲ့လေ ..)

No comments:

Post a Comment

သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..