ချစ်ငှက်ငယ်ရေ အသင်လိုရာ
အာကာပြင်မှာ လေဟုတ်စီးရင်း
ပျံသန်းရင်းနဲ့ တောင်ငယ်ညောင်းလျှင်
မောင့် ရဲ့လက်တော် သစ်ပင်အိုတွင်
ခတ္တနားလို့ အမောဖြေပါ့ ။ ။
ချစ်ငှက်ငယ်ရေ အသင်နားရာ
သစ်ပင်အိုမှာ ဟိုမှသည်ဘက်
လှိမ့်လိုကလှိမ့် ညိမ့်စေကညိမ့်
ဖြေလို့ပြေလို့ ပျံလို့ချင်တော့
မောင့် ရဲ့ရင်ခွင် ကောင်းကင်ပြင်မှာ
စိတ်လိုလက်ရ လေဟုန်စီးပါ့ ။ ။
ချစ်ငှက်ငယ်ရေ အသင်ပျော်ရင်
လိုတိုင်းနားတိုင်း အမောင်ရှိမယ်
လိုရာပြည့်စေ အမောင်ပေးမယ်
လိုရာခရီး နှင်ပါစေကွယ် ၊
လိုရာခရီး စေပါလေကွယ် ။ ။
အသောက / ကျော်ဇင်
( ကဗျာတစ်ပုဒ် နှစ်ယောက်ရေးတာပေါ့ .. တခါခါကြရင် နေရာဒေသပေါ်မူတည်ပြီး သီချင်းတစ်ပုဒ်တောင် မတိုက်ထားပဲ တူတူ
ဆိုမိတာမျိုးပေါ့ဗျာ )
No comments:
Post a Comment
သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..