Scorpioဗြိစ္ဆာရာသီအား ပလူတို(Pluto) ဂြိုဟ်မှ ပိုင်စိုးသည်။ (Pluto)ဂြိုဟ်သည်ကား (Hades)ဟေးဒီးစ် အ မည်ရှိသော နတ်ဘုရားသည် တမလွန်မြေအောက် ကမ္ဘာအား ပိုင်စိုးမှု အရှင်သခင်ဧကရာဇ်ဖြစ်သည်။ (CRONOS)ခရိုးနော့နှင့် (RHEA)ရီရာတို့မှ မွေးဖွားသော အကြီးဆုံးသောသား သားကြီးသြရသ ဖြစ်သည်။ ဖခင်ဖြစ်သူက နန်းဆက်ကို လုယူမည်ကို စိုးရိမ်သောကြောင့် မွေးဖွားကာစကပင် ၀ါးမြိုခြင်းကို ခံရသည်။ သူအပါအ၀င် အစဉ်အဆက် ညီအစ်ကိုမောင်နှမ (5)ဦးစလုံးကို (CRONOS)ခရိုးနော့က ၀ါးမြိုထားသည်။ (CRONOS)ခရိုးနော့၏ဖခင်စိတ်မဲ့မှုအပေါ် (RHEA)ရီရာက မကျေမနပ်ဖြစ်ကာ နောက်ဆုံးမွေးသော (Zeus)ဇုနတ်သားအား လျှို့ဝှက်စွာ မွေးဖွားသည်။ (Zeus) ဇုအရွယ်ရောက်လာသောအခါ ခရိုးနော့ကို ဖယ်ရှား၍ မြိုချထားသော ညီအစ်ကိုမောင်နှမများကို ပြန်လည်အန်ထုတ်စေသည်။ နောင်တော်အကြီးဆုံးဖြစ် သူ(Hades)ဟေးဒီးစ် အား မြေအောက်ကမ္ဘာကိုစိုးမိုးစေသည်။ (Zeus) ဇုနတ်မင်းကြီးသည်က လူ့ကမ္ဘာနှင့် နတ်ပြည်နတ်နန်းကို အုပ်ချုပ်ခြင်းပြုသည်။ မြေအောက်ကမ္ဘာကို ပိုင်စိုးသော ဟေးဒီးသည် သေလွန်သူတို့၏ ကမ္ဘာကို စိုးမိုးသည်။ ခေါင်းသုံးလုံးနှင့် ငရဲခွေးကြီး (Cerberus)ဆေးဘရက်နှင့် သေလွန်သူတို့၏ ကမ္ဘာကို (Styx)စတိတ်မြစ်ကို ဖြတ်သန်းသည့် ကူးတို့ပို့သူ (Charon)ချာရွန်တို့ ခြံရံ၍ မြေအောက်ကမ္ဘာကို စိုးမိုး သည်။ မြေအောက်သယံဇာတကို ပိုင်စိုး၍ ကြွယ်ဝချမ်းသာသည်။ နတ်တို့တိုင်းပြည်တွင် (Pluto) ပလူတို ဟူသောစကားသည် “Riches” ချမ်းသာကြွယ်ဝသောသူဟူသောအနက်ရှိသည်။ ကိုယ်ပျောက်ဦးထုပ်ကို ပိုင်စိုးထားသူဖြစ်သည်။ မြင့်မားသော တန်ခိုးကို ပိုင်ဆိုင်သည်။
ဤရာသီခွင်မွေးဖွားသူအားလုံးတို့သည် ပလူတို၏ဒဏ္ဍာရီနှင့် အလားတူသောဘ၀ကို ပိုင်စိုးသည် မွေးဖွားစဉ်မှစ၍ မိဘ၏ပိုင်စိုးမှု၊ ချုပ်ချယ်မျှုနှင့်ကိုယ်လိုပ်ချင်သည်ကို မလုပ်နိုင်။ မောင်နှမသားချင်းအတွင်း အငယ်ဆုံးသူကို မွေားဖွားပြီးမှ ထူးခြားစွာလွတ်လပ်လာခြင်းကိုကြုံမည်။ ကိုယ်ပိုင်အစွမ်းအစနှင့် ဘ၀တိုး တတ်မှုကိုဖန်တီးနိုင်မည်။ အလိုရှိရာဆောင်ရွက်နိုင်မည်။ ကံကြမ္မာပွင့်လန်းလာမည်။ ဘ၀လမ်းကြောင်းတွင် တစစတိုးတက်မှုများဖြစ်ထွန်းမည်။ ထူးခြားသောပိုင်ဆိုင်မှုများနှင့် ချမ်းသာကြွယ်ဝမှုများကို ကိုယ်စွမ်းကိုယ်စ အသုံးချ၍ အပြည့်အ၀ပိုင်ဆိုင်ခြင်းကြုံမည်။ ကိုယ်ပျောက်ဦးထုပ်ကို ဆောင်းသော ပလူတို၏သဘာဝအတိုင်း အရာရာကို သိုသိုသိပ်သိပ်လုပ်လေ တိုးတက်လေဖြစ်မည်။ ကြေငြာမောင်းခတ် လူသိထင်ရှားလုပ်လေ အ နှောက်အယှက်ကြုံလေ ဖြစ်မည်။ မထင်မရှားလုပ်သောကိစ္စများတွင် သိသာထင်ရှားစွာ အောင်မြင်မှုများရရှိ မည်။ ကိုယ်လုပ်သည့်ကိစ္စအပေါ် သူတပါးအားအလုံးစုံ အသိပေးခြင်းဘယ်သောအခါမှ မလုပ်သင့်။ ၀ါကြွား ခြင်းမရှိသင့်။ ဟိတ်ဟန်နည်းသော လုပ်ငန်းများအများသူငါမှ ရရှိသည့်အကျိုးအမြတ်အပေါ် အလွယ်တကူမ သိသည့်လုပ်ငန်းများလုပ်၍ ကြွယ်ဝမှုကို ပိုင်ဆိုင်မည်။တစ်ပါးသူနှင့်တွဲဖက်လုပ်သောကိစ္စများတွင် ကိုယ့် ဘက်မှနစ်နာမှုများကို အခြေတည်၍ ဆောင်ရွက်ရမည်။ အထူးသတိပြုရန်မှာ ဗြိစ္ဆာရာသီအမျိုးသားတို သည် စန်းများတတ်သည်။ မိမိကိုယ်မိမိ မထိန်းသိမ်းက အိမ်ထောင်ဆက်များတတ်သည်။ ဆွေမျိုးမောင်နှမသား ချင်းများပေါ်တွင် အထောက်အကူပြုနိုင်သော အဆင့်ကိုရောက်ရှိမည်။
No comments:
Post a Comment
သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..