Piscesမိန်ရာသီသည် ရှေးကျမ်းများအလိုအရ (Zeus) ဇု အမည်ရှိကြာသပတေးဂြိုဟ်မှ ပိုင်ဆိုင်သည်။ ခေတ် သစ်ကျမ်းများတွင်ကား ဤရာသီကို ပိုဆိုက်ဒွန် (Poseidon) အမည်ရှိ နပ်ပကျွန်းဂြိုဟ်မင်းမှ ပိုင်စိုးသည်။ ပိုဆိုက်ဒွန်သည်ကား ရှေးဟောင်းဂရိဒဏ္ဍာရီတွင် ရေပြင်အလုံးစုံကို ပိုင်ဆိုင်သောနတ်မင်းကြီးဖြစ်သည်။ အလွန်နက်ရှိုင်းသော ရေပြင်သမုဒ္ဒရာတွင် နေထိုင်သည်။ ပြင်းထန်သော လေမုန်တိုင်းများ၊ ကြီးမားသော ရေ
လွှမ်းမိုးမှု လှိုင်းတံပိုးများနှင့် ဒီရေတက်ကျခြင်းနှင့်တကွ ငလျင်လှုပ်ခါခြင်းကို ပိုင်စိုးသော တန်ခိုးကြီးမားလှ သည့် နတ်မင်းကြီး ဖြစ်သည်။ အရာရာအပေါ် နားလည်ခွင့်လွှတ်တတ်၍ သည်းခံစိတ်ကြီးမားလှသည်။ ရေပြင်ထက်တွင် အရာအရာကို တွန်းတင်ထားပြီး လိုရာခရီးရောက်အောင် ရေစီးနှင့်ဖြစ်စေ လေကြောင်းနှင့် ဖြစ်စေ ပို့ဆောင်ပေးသော သဘာဝရှိသည်။ သို့သော် ဒေါသအမျက်ထွက်က ခက်ထန်မှုကြီးသည်။ အမျက် ကြီးသည်။ အရာရာကို လှုပ်ခါဝါးမြိုပစ်လေ့ရှိသည်။ မိန်ရာသီတွင်မွေးဖွားသော သူတို့သည် ပိုဆိုက်ဒွန် ဟုခေါ် သော နက်ပကျွန်းဂြိုဟ်၏ ဆက်သွယ်မှု၊ လွှမ်းမိုးမှု အောက်တွင် မွေးသောသူများဖြစ်ပေရာ ဤရာသီဖွားတို့ သည်လည်း ပိုဆိုက်ဒွန်အလား သူတစ်ပါးအားထောက်ကူမှုပြုရန် ၀န်မလေး။ သူတစ်ပါးအကျိုးအတွက် အနစ် နာခံ ဆောင်ရွက်ပေးရန် လူ့ပြည်သို့ရောက်လာသည်။ အများအကျိုး၊ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရန် အားထုတ်မည်။ အေးချမ်းစွာ၊ သဘောသကာရ ပြည့်ဝစွာနှင့် အားလုံးအပေါ် ဆက်ဆံတတ်မည်။ အမျက်ဒေါ သထွက်ခဲသည်။ ဒေါသထွက်ပါကလည်း လှိုင်းတံပိုးအလား ပြင်းထန်တတ်သည်။ လေမုန်တိုင်းအလား ဟူး ဟူးဟားဟား ဖြစ်တတ်သည်။ မြေငလျင်အလား အရာရာကို ဖယ်ရှား ချိုးဖျက်ပစ်ရမှ ကျေနပ်သည်။ စိတ်ကြီး မည်။ ဤသဘာဝအား လျှော့သင့်သည်။ ဒေါသထွက်စဉ်ခဏ မိမိကိုယ်မိမိ မထိန်းနိုင်သလိုဖြစ်မည်။ ပြီးမှ အဆင်ပြေသဘောပေါက် တည်ငြိမ်သွားသော သဘာဝရှိသည်။
ရာသီသင်္ကေတရုပ်တွင် ဦးတည်ချက်လားရာမတူသော ဘက်သို့ ကူးခတ်နေသော ငါး(၂)ကောင်၏ ပုံရိပ်ဖြင့်ပြသည်။ ဤရာသီရုပ်၏ သဘာဝသည် မိန်ရာသီတို့သည် သူတစ်ပါးနှင့် မတူသော ရှုထောင့်ဖြစ်စေ၊ ဆန့်ကျင်ဘက်မှဖြစ်စေ တွေးခေါ်လုပ်ကိုင်တတ်သောသဘာဝကို ပိုင်ဆိုင်သည်။ မိဘလက်ငုတ်မှ ခွဲထွက်ခြင်း၊ မိဘနှင့်မတူသော လုပ်ငန်းများ ဆောင်ရွက်ရခြင်းရှိမည်။ မိဘ၊ မိသားစုတို့နေထိုင်ရာနှင့်မတူသော၊ ဆန့်ကျင်ဝေးလံသော အရပ်များတွင် အခြေချနေထိုင် ဘ၀တိုးတက်ကြမည်။ ကျမ်းဂန်အသီးသီး အလိုအရ မိန်ရာသီဖွားအားလုံးတို့သည် အရပ်ဝေးနိုင်ငံရပ်ခြားတိုင်းတစ်ပါးအထိ စွန့်စားသွားလာ နေထိုင်ကြီးပွားချမ်းသာ ခြင်းကို ရရှိကြသည်ဟုဆိုသည်။ အရွယ်နှင့်မမျှ အလုပ်ကြီး၊ တာဝန်ကြီးများ ကိုင်တွယ်ရမည်။ စွန့်စားခြင်း လှုပ် ရှားခြင်း ဗီဇပါရမီထူးရှိသည်။ ဤရာသီကိုပိုင်ဆိုင်သော ပိုဆိုက်ဒွန်နတ်မင်း နတ်ပကျွန်းသည် ခရိုးနော့ (Cronus) အမည်ရှိသော စနေဂြိုဟ် (Saturn) နတ်မင်းနှင့် ရီရာ (Reha) နတ်ဒေ၀ီမှ ပေါက်ဖွားသော သား ရတနာဖြစ်သည်။ စေတန်က နန်းလုမည်ကို စိုးရွံ့၍ မွေးဖွားသမျှသားတို့ကို မြိုချခံရသကဲ့သို့ ပိုဆိုက်ဒွန်သည် လည်း ဖခင်ခံတွင်းသို့ သက်ဆင်းရသည်။ ညီအငယ်ဆုံးဖြစ်သော ဇုနတ်မင်းမှ ကယ်တင်၍ လွတ်မြောက်ခဲ့ သည်။ ဤအကြောင်းအရာကိုအခြေတည်၍ ဤရာသီဖွားအားလုံးတို့သည် မည်သည့်ကိစ္စကိုဆောင်ရွက်စေ အခက်အခဲကြုံပြီးမှ လွတ်မြောက်မည်။ မည်မျှအနှောင့်အယှက်ကြုံစေ ကူညီသူပေါ်ပေါက်နိုင်သည်။
No comments:
Post a Comment
သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..