Leoရှေးဟောင်းအီဂျစ်တို့၏ အယူအဆအရသိဟ်ရာသီဖွားအားလုံးတို့သည် “ရာ” “RA” အမည်ရှိသော နေနတ်ဘုရားမှ တိုက်ရိုက်ပေးစွမ်းသော တန်ခိုးအငွေ့အသက်နှင့် အသက်သွင်းမှုကို ခံယူရှင်သန်သူများ ဖြစ်သည်။ ရာသီ ၁၂ ပါး အနက် အခြားသူတစ်ပါးတို့၏ အရှင်သခင် “Monarch of the Zodiac” ဟုဆိုသည်။ ကောင်းကင်ထက်မှ နေမင်းကြီးသည် ကမ္ဘာနှင့် အနီးဆုံးသို့ရောက်သော် အလင်းတန်းများကို ဖြန့်ကျက်စေ၍ ဤရက်ပိုင်းအတွင်း မွေးသော သူများကို မြင့်မြတ်သော ဥပဓိရုပ်၊ ထက်မြက်သော ဥာဏ်ရည်၊ စိုးမိုးနိုင်သော နှလုံးသား၊ ခံစားချက်ပြည့်ဝသော အသည်းနှလုံးသား၊ ခံစားချက်ပြည့်ဝသော အသည်းနှလုံး၊ ရဲရင့်မာန်ကြီသော သွေးတို့နှင့် ပေါင်းစပ်ဖွဲ့စည်းထားသော လူသားများဟုဆိုသည်။
ဤရာသီဖွား ကျား/မ မရွေးတို့သည် အလွန်တင့်တယ်သော ရုပ်ဆင်းအင်္ဂါနှင့် သြဇာကြီးမားသော ဥပဓိရုပ်ကို ပိုင်ဆိုင်သည်။ မိခင်၊ ဖခင်တို့နှင့် ဆင်သော်ငြားမတူ။ မောင်နှမသားချင်းများနှင့်မတူသော သဘာဝနှင့် ထွန်းသော သူများဖြစ်သည်။ စိတ်ဓာတ်ခိုင်မာ၍ တည်ကြည်မြင့်မြတ်သော သဘာဝကို ဖော်ပြသော မေးရိုး၊ ပါးရိုးခပ်မြင့်မြင့်၊ ဥာဏ်ကြီး၍ ညှာတာစာနာတတ်သောစရိုက်ကို ဖော်ဆောင်သည်။ မေးစေ့ခပ်သွယ်သွယ်ရုပ်အသွင်။ ပြတ်ပြတ်သားသားနှင့် အပိုမပြော။ မှန်ရာစကားကိုသာ ဆိုတတ်သော နှုတ်ခမ်းပါးများ၊ တစ်ချက်ကြည့်ရုံမျှနှင့် အမိန့်ပေးသကဲ့သို့ အေးတိအေးစက်အာဏာစက်နှင့် သြဇာကြီးမားသော မျက်ဝန်းအစုံ၊ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါနှင့် ဥပဓိရုပ်ကိုမွေးရာပါ ဤရာသီဖွားများ၏ အမှတ်သင်္ကေတ အဖြစ် ပိုင်ဆိုင်သောသူများဖြစ်သည်။
သိဟ်ရာသီဖွား နှစ်မျိုးကွဲပြားသွားသည်။ ကောင်းသောဘက်၌ ဦးဆောင်ဦးရွက်ပြုရသော သူများနှင့် ဆိုးညစ်ယုတ်မာသော ဘက်သို့ ယိမ်းယိုင်သော သိဟ်ရာသီဖွားဟူ၍ ခွဲခြားသည်။ မူလသဘာဝအရ ကွဲပြားခြင်း မဟုတ်။ ခန္ဓာကိုယ်ပေါ်တွင် ၀တ်စားဆင်ယင်မှုအပေါ် မူတည်၍ အဖြူ၊ အမဲ (၂) မျိုးကွဲသော စိတ်ဖြစ်ပေါ်သွား သော သဘာဝရှိသည်။ သိဟ်ရာသီဖွား တစ်ဦးတစ်ယောက်သည် ခေတ်မီဆန်းပြားစွာကလက်တက်တက် ပေါ်ပင် အ၀တ်များဝတ်ခြင်း၊ မူလဆံပင်ပုံစံပြောင်းခြင်းများပြုက အ၀တ်များဝတ်ခြင်း၊ အလိုအလျောက် မကောင်းသော စိတ်များ၊ ဒုရိုက်စိတ်များဝင်လာကာ လိမ်ညာကောက်ကျစ်ခြင်း၊ ၀ါကြွားခြင်း၊ မဟုတ်မမှန်သော စကားများချဲ့ထွင်ပြောဆိုခြင်း၊ တစ်ပါးသူအပေါ် မနာလိုစိတ်ဝင်ခြင်း၊ သူတစ်ပါး အကျိုးပျက်ပြားအောင် လုပ်ခြင်းများရှိမည်။ လောင်းကစားအရာတွင် မွေ့လျော်မည်။ သိဟ်ရာသီဖွားများ အနက်ရောင်ဝတ်လာက တဏှာရာဂအရာ၌ ပျော်မွေ့သော စိတ်များပြောင်းသွားမည်။ ၀တ်စားမှုက လက်ရုံမျှနှင့် လူပါသော်လည် သွားမည်။ အသွင်ဆန်း၊ အကွက်ဆန်း ဆင်လေဆိုးယုတ်လေဖြစ်မည်။ သောက်စားမှုပြုလေမကောင်းသော ဥာဉ်ဆိုးကြီးမား လေဖြစ်မည်။
သိဟ်ရာသီဖွားကျား/မ မရွေးရိုးရိုးရှင်းရှင်းဝတ်ဆင်လေကောင်းသော အရည်အသွေး တောက်ပြောင် လေဖြစ်မည်။ အလိုအလျောက်ယဉ်ကျေးသိမ်မွေ့မည်။ စိုးမိုးနိုင်မည်။ တစ်ပါးသူမှ ယုံကြည်ကိုးစားရသော အမူအကျင့်များပေါ်ထွက်မည်။ ရိုးဖြောင့်သောစိတ်၊ မဟုတ်မခံရဲရဲတောက် လုပ်လိုသော သဘာဝပေါ်ထွန်းမည်။ ကျက်သရေမင်္ဂလာအပြည့်အ၀နှင့် ထိထိမိမိဆောင်ရွက်နိုင်မည်။ အပြင်ပန်းဝတ်စားဆင်ယင်ပုံပြောင်းရုံနှင့် အတွင်းစိတ်ပြောင်းတတ်သောသူများဟူ၍ သိဟ်ရာသီဖွား များအားဆိုသည်။
ခြင်္သေ့တစ်ကောင်၏ရာသီရုပ်ကို ပိုင်ဆိုင်သည့် သိဟ်ရာသီဖွားကျား/မ မရွေးတို့သည် ကေသာဆံပင်ကို တင့်တယ်စွာထားသင့်သည်။ မလိုအပ်ဘဲ လိမ်ကောက်နေအောင် ဆောင်ရွက်ခြင်း၊ မူလပုံစံအား ဖျက်ခြင်း မပြုရ။ ခြေဆံလက်ဆံတင့်တယ်၍ ခြေနှုတ်ခြေသိမ်းလှပသူများဖြစ်ပေရာ မိမိ၏မူလဟန်ကို မပျောက်စေနှင့်။ အလိုလျောက် မသင်မပြရသော Cat Walk ဟုခေါ်သော ကြောင်လမ်းလျှောက်နည်းပုံစံအား စနစ်တကျ လျှောက်လှမ်းနိုင်သောသူများဖြစ်သည်။ အကြည့် ရဲတင်းသည်။ ခြေသည်းလက်သည်းတို့ကို သန့်ရှင်းသပ်ရပ် အောင် တင့်တယ်အောင် ထားရမည်။
ဤရာသီဖွားအားလုံးတို့သည် အာခံတွင်းနှင့် ပတ်သက်သည့် အနံ့အသက်ပြင်းထန်တတ်သည်။ အနည်းငယ် အနေအထိုင်ဂရုမစိုက်သည်နှင့် သွားတို့၏ အရောင်သည် ဖြူရာမှ ၀ါညစ်ညစ်အရောင်ပြောင်း တတ်သည်။ ချေးအထပ်ထပ်ဖြစ်တတ်သည်။ ကွမ်းစားသူတို့တွင် နီကျင်သော အရောင်ပြောင်းတတ်သည်။ ထို့ကြောင့် သွားနှင့်ခံတွင်းကို အထူးသန့်ရှင်းအောင် ဂရုပြုသင့်သည်။ ၀တ်စားဆင်ယင်မှုတွင်လည်း နေရာဒေသအလျောက်သော်လည်းကောင်း ရိုးရိုးယဉ်ယဉ်ပေါ့ပေါ့ပါးပါး အများဆင်ယင်သည့်အတိုင်း ၀တ်ရမည်။ ပေါ့ပေါ့ပါးပါးဝတ်လေ ဥပဓိရုပ်တက်လေဖြစ်မည်။ သန့်ရှင်းမှု၊ ရိုးရှင်းမှုနှင့် ဥပဓိရုပ်အား အထွတ် အထိပ်ရောက်အောင် ဖော်ကျူးနိုင်ပေမည်။
No comments:
Post a Comment
သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..