Virgoရှေးဟောင်း ဘာဘီလုံ ပညာရှင်တို့သည် ကန်ရာသီသည်ကား ကြယ် (13) ခုနှင့် ကောက်ပဲသီးနှံ၊ စားနပ်ရိက္ခာတို့ကို ဖွံ့ဖြိုးစေသည့် နတ်သမီး “ Goddess of the grain “ ဖြစ်သူ “နီဒါးဗား“ (Nidaba) ၏ ပုံရိပ်သင်္ကေတ ဖြစ်သည်ဟုဆိုသည်။ လက်တစ်ဖက်သည်ကား ပ၀ါကို ကိုင်ဆောင်ထားသော ပုံရိပ်နှင့် ကောင်းကင်တွင် တည်ရှိသည်ဟုဆိုသည်။ (Nidaba) နီဒါးဗား နတ်သမီးပုံရိပ်၏ ကြယ်စင်အလင်းတန်းအောက်တွင် မွေးဖွားသူ အားလုံးတို့သည် ထူးခြားသော လူသားအကျိုးပြုခြင်းကို ပိုင်စိုးထားသည်ဟု ဆို၏။
စပါးနှံကို ကိုင်ဆောင်ထားသော နိမိတ်ပုံသည်ကား စားနပ်ရိက္ခာ ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။ စိုက်ပျိုးမှုနှင့်တကွ စားသုံးသူတိုထံ ကုန်စည်စီးဆင်းရောက်ရှိစေရန်နှင့် သဘာဝကိုအသုံးချ၍ လူသားတို့ ရပ်တည်ခြင်းကို နိမိတ်ဖော်သည့်အတိုင်း ဤရာသီဖွားတို့သည် စားသုံးမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုနှင့်တကွ သဘာဝမြေပြင်မှ သယံဇာတတို့ကို ထုတ်ယူသုံးစွဲခြင်းဖြင့် လူ့လောကကို အကျိုးပြုသည်။ လက်တစ်ဖက်တွင် ပ၀ါရှည်ကို ကြာပွတ်သဖွယ် သုံးစွဲသည်။ မကောင်းဆိုးဝါးတို့အား ဖယ်ရှားသော လက်နက်ဖြစ်သည်။ ဤရာသီဖွားတို့သည်ကား သူတစ်ပါးအား ရန်ဘေးဒုက္ခမကျရောက်အောင် ကာကွယ်ပေးသည်။
ကန်ရာသီကို ဗုဒ္ဓဟူးဂြိုဟ်မှ စိုးမိုးသည်။ ဤရာသီကို ပိုင်စိုးသည့် ဗုဒ္ဓဟူးဂြိုဟ်ကို “Mercury“ မာကျူရီဟုလည်းကောင်း၊ “Hermies“ ဟားမီးစ်ဟူ၍လည်းကောင်း ခေါ်သည်။ ဤနတ်ဒေ၀တာသည် လူသားတို့အား စာပေ၊ အနုပညာကို တတ်မြောက် အောင် သင်ကြားပေးသည်။ ထက်မြက်သော ဥာဏ်ရည်ရှိသည်။ ပရိယာယ်ကြွယ်ဝသည်။ ထိထိမိမိနှင့် ထွန်းပေါက်အောင် လုပ်နိုင်စွမ်းရှိသည်။ ဘာသာစကားနှင့် ပတ်သက်သော ပါရမီရှိသည်။ လူအများနှင့် ထိတွေ့ဆက်ဆံသော အတတ်ကိုလည်း ပိုင်ဆိုင်သည်။
အီဂျစ်ကျမ်းများတွင် ကန်ရာသီ၏ ရုပ်ပုံသည်ကား “ရှာလား“ (Shula) ဟူသော နတ်ဒေ၀ီ၏ ပုံဖြစ်သည်။ ရှေးဟောင်း ရတနာတို့ကို စောင့်ရှောက်သည်။ သိဟ်ရာသီ ခြင်္သေ့ပုံ၏ အမြီးကိုလက်နှင့် ဆွဲကိုင်ထားသည့်ပုံ ဖြစ်သည်။ ဤနိမိတ်ပုံအရ ကန်ရာသီဖွားတို့သည် အနုပညာပစ္စည်း၊ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးထားသည်။ တန်ဖိုးကြီးပေး၍ ၀ယ်ယူစုဆောင်းသည်။ အီဂျစ်ရှေးကျမ်းတို့တွင် “Shula“ နတ်သမီး၏ နန်းတော်သည် ရှေးဟောင်းပြတိုက်ကြီးအလား ဖြစ်သည်။ ၄င်းအပြင် သားရဲတိရစ္ဆာန် များစွာ အနီးအပါး လှုပ်ရှားနေကြသည်။ ဤသဘာဝနှင့်ထပ်တူညီကာ ကန်ရာသီဖွားတို့သည် ဤအနုပညပစ္စည်းများကို ပိုင်ဆိုင်ခြင်း အပေါ်ဂုဏ်ယူဝင့်ကြွားမည်။ အိမ်မွေးခွေးမှအစ တစ်ပါးသူမမွေးရဲသည့် သားရဲတိရစ္ဆာန်များကို ငွေကြေးမြောက်များစွာ ၀ယ်ယူမွေးမြူလေ့ရှိသည်။ တိရစ္ဆာန်များကို ယဉ်ပါးအောင် အလွယ်တကူ ထိန်းကျောင်းနိုင်သည်။ ၀ါသနာအပေါ် အခြေတည်၍ ငွေကြေးဖြုန်းတီးတတ်သည်။ ဤအားနည်းချက်ကို အသုံးချ၍ တစ်ပါးသူက အခွင့်အရေးယူတတ်သည်။
ကန်ရာသီဖွားအားလုံးတို့သည် စိတ်ကြီးသည်။ အမျက်ကြီးသည်။ ပြဿနာမရှိလျှင် မနေတတ်။ အမြဲတစေ တိုက်ပွဲဝင် နေတတ်သည်။ အလုပ်တစ်ခုအား ရှေ့တိုးလုပ်ကိုင်ခြင်းထက် ပြဿနာအား အချိန်ယူဖြေရှင်းခြင်း၊ သင်္ကာရှင်းနေခြင်းများကြောင့် ရှေ့တိုးဆောင်ရွက်မှုအား လျော့နည်းသွားတတ်သည်။
ကျေးဇူးတင်ပါတယ်။ပျော်တယ်။ရယ်လည်းရယ်ရတယ်။ကိုယ့်အကြောင်း ကိုယ်ဖတ်ပြီး သဘောကျမိတယ်။ပျော်ရွှင်ပါစေ။
ReplyDelete