Home

Saturday, September 4, 2010

လူရယ်..ကျနော်ရယ်

ပိုက်ဆံတွေက အလွမ်းတွေကို
ဝယ်လိုက်တယ်နော်...
အလွမ်းတွေကတော့ ခံစားမှုတွေကို
စားသုံးလိုက်တယ်နော်...
ခံစားမှုတွေကကော ဘာတွေကို
တိုက်စားဦးမှာလဲလေ..
တစ်ခါက တောင်းဆိုဖူးတဲ့
ဖြစ်နိုင်ရင် ဖြစ်ခွင့်ရရင်တွေဟာ
ခုချိန်မှာ ပေါတောတော စကားလုံးတွေပဲပေါ့..
ဒါဆို..
ခုစကားတွေကကော
နောင်တစ်ချိန် ငါ့ကို ဘာတွေများ
ပြန်ပြောဦးမှာလဲလေ....
အဖြူရောင်ဖြစ်စေ အပြာရောင်ဖြစ်စေ
ပူလောင်လှပါတယ်လေ..
ဒါပေမယ့်
အဲ့ထဲကမှ အေးမြမှုလေးကိုပဲ
ငတ်မွတ်မိပြန်တယ်လေ....
သြော်..
လူရယ်..ကျနော်ရယ်ကတော့
ခပ်သားလားဗျာ...
 
အသောက

No comments:

Post a Comment

သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..