Home

Saturday, September 4, 2010

ချစ်တယ်ဆိုတာ ဟိုးတစ်ချိန်ကတဲ့

*အရင်တိုင်းပဲလား ဟင်*
စကားလေးတွေတော့ ဟောင်းမသွားသေးပါဘူး..
ရင်ခွင်အချို့လည်း အေးမသွားသေးပါဘူး..
ထပ်တလဲလဲ စဉ်းစားစရာမလိုတဲ့ သံသယမျိုးတော့ မဟုတ်ပေမယ့်
သင့်တင့်တဲ့ရာသီကို မှီပြီး ရှင်သန်နေရတဲ့
*ရှား*ပင်ကြီးလိုပေါ့...
ပူပြင်းတဲ့နေရာမှာ ဆူးတွေနဲ့ စံစားပြီးတော့
ဘ၀အတွက် အတူတူပဲလို့ ရင်ခုန်ထားတဲ့
နာရီသံတွေကို သနားနေဆဲမို့ပါ...

*အဲ့လို နောက်မမေးပါနဲ့*

လို့ ဆိုတာလေးကတော့
အေးစက်သွားပြီး ပျောက်ဆုံးသွားပါပြီလေ..
နောက်နေ့တွေ ဘယ်တော့မှ ကြားခွင့်မရလောက်အောင်
သူမ နှုတ်ဆိတ်စွာနဲ့ မေ့လျောနေနေပါပြီ..
အရာအားလုံး
*အနိစ္စ၊ဒုက္ခ၊အနတ္တ* ရဲ့ အဆိုအတိုင်း
တစ်သွေတည်း ပြောင်းလဲပြစ်လိုက်တာပေါ့. .
တစ်ဦးတည်း ခံစားချက်ကတော့ နေရာယူပေးတုန်းပါပဲ..
ဒါပေမယ့်
လွဲသည့် ချစ်သူတွေတိုင်း ဆက်လှမ်းရမယ့် ခရီးကြောင်းကြီးက
မျဉ်းတစ်ကြောင်းတည်းမှ မဖြစ်ရတော့ဘဲလေ..
တစ်ကယ်တော့လည်း ငါတို့ ချစ်တယ်ဆိုတာ
ဟိုး.... တစ်ချိန်ကပါပဲလေ....

No comments:

Post a Comment

သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..