အချိန်တွေက မသိမသာ ကုန်ဆုံးနေတာပေါ့..
ငါလည်း မသိမသာ အချိန်ဖြုန်းနေခဲ့တယ်လေ..
ဒါပေမယ့်
သတ်မှတ်ချက်တစ်ခုက
နောက်မှာတော့ ထင်ထင်ရှားရှားကြီးပေါ့...
ဖေဖေ၊မေမေ၊
ညီလေးတွေနဲ့ ညီမလေး အားလုံးချမ်းမြေ့ပါစေ..
စကားသံတွေထဲမှာ သတိရတယ်..
တိတ်ဆိတ်မှုတွေထဲမှာ အောင့်မေ့တယ်..
နာကျင်မှုတွေရဲ့ ဝေးဝေးက လွမ်းနေတယ်..
ပျော်ရွှင်ခြင်းတွေနဲ့ မျှော်လင့်နေတယ်..
ခံစားမှု အားလုံးနဲ့ စံစားနေပါ့မယ်..
မေမေရေ.. သားအတွက်
ပုခုံးနှစ်ဖက်ကြီးက ဘ၀ဆိုတာလေးအတွက်
ပြုံးပြုံးကြီးနဲ့ တစ်ဖက်တစ်ဖက်လှည့်ပြီး
နိုင်ရာနေရာကနေ ထမ်းဆောင်နေပါ့မယ်ဗျာ...
အသောက
No comments:
Post a Comment
သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..