ချစ်သူ...
ငါ့အတွက် တစ်ချိန်က ပိုင်ဆိုင်ဖူးတဲ့ နာမလေးပေါ့ဟာ..
ခုနေခါတော့ မှုန်ဝါးဝါးနဲ့ အမြင်တွေစောင်းခဲ့ကြလို့
အချိန်တွေလိုပါပဲလားလေ..
နင်နဲ့ရှိစဉ် တစ်ချိန်ကတော့ ငါ့အတွက်
ဘယ်လိုပဲ နင်နဲ့ သဏ္ဌ္ဌ္ဌ္ဋ္ဌ္ဌာန်တူကြသည်ဖြစ်ပါေ စ..
နင်ဟာ ငါ့ရဲ့ သက်ဦးဆံပိုင်လေးပါပဲဟာ...
အချစ်နဲ့ ဘ၀တစ်ထပ်တည်းမှာတော့
အချစ်ဦးဖြစ်လို့ သိပ်စံစားစွာနဲ့ ချစ်မိခဲ့တာပေါ့...
နင် စိတ်အလိုမကျလည်း နားလည်တယ်..
ငါ နာကျင်ရလည်း ခွင့်လွှတ်နေတယ်..
ငါ့အတွက် နင်ဟာ နောက်တစ်မျိုးခံစားရရင်
အဖြူရောင် ချယ်သထားတဲ့ ရင်ခွင်သီးလေးပါပဲဟာ...
မိန်းမဆိုတာ ငါ့ခံစားမှုအတွက် နင်တစ်ဦးတည်းပဲပေါ့..
ဒါတွေဟာ ခုတော့လည်း
နင်ဖျောက်ဖျက်ပြစ်လိုက်တာပေါ့နော်...
ကြာခဲ့ပြီဆိုပေမယ့်
နံနက်ခင်းတိုင်းမှာ နားထောင်နေရတဲ့
သီချင်းတစ်ပုဒ်လိုပါပဲဟာ..
သီချင်းသာ ဆုံးသွားပေမယ့် ရင်ထဲမှာ
ခံစားမှုတွေ တစ်သီကြီးနဲ့ နင့်အတွက် ငါ နာကျင်နေရပြီလေ..
ငါ့ခွင့်လွှတ်မှုဟာ နင့်အတွက် အရာမရောက်တော့သလို
နင်စိတ်အလိုမကျရင်လည်း ငါ့အတွက် အရာမရောက်နိုင်တော့ပါဘူးလေ ..
အချစ်ကတစ်နေရာ ၊ဘ၀ကတစ်နေရာမှာ
အရာအားလုံး နင်ခြားထားရက်ခဲ့လို့ ငါကျေးဇူးတင်ရမလိုပါပဲလေ..
ခုသိတဲ့ အသိနဲ့ပေါ့ဟာ..
အသောက
No comments:
Post a Comment
သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..