Home

Saturday, September 4, 2010

အလွမ်းနဲ့ အချစ်

အလွမ်းပုဒ်စာတွေနဲ့ ပင်ပန်းနေပါပြီ..
ငါဟာ ယောကျာင်္းတစ်ယောက်ဆိုတဲ့ အသိမှတ်နဲ့ အသက်ရှင်နေပေမယ့်
စိတ်ခံစားမှုအတွက်တော့
နွမ်းနယ်နေတဲ့ ကျက်သရေမဲ့တဲ့ မိန်းမတစ်ဦးလိုပါပဲလေ..
ယောကျာင်္းတစ်ယောက်အတွက်
မလွမ်းသင့်ဘူးလား.. မျက်ရည်မလဲ့သင့်ဘူးလားလေ.. .
ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့..
အတိတ်တွေကို ခံနိုင်သလောက်လေးနဲ့
လွမ်းနေမိတယ် .. သတိရနေမိပါတယ်..ငိုလည်း ငိုချင်တာပေါ့..
ဒီလိုမှန်း အတိတ်ကမှ သိခွင့်မပေးဘဲလေ..
အခုတော့ လက်ရှိမှာ ဘာမှပိုင်ခွင့်မရှိတော့ပါဘူး..
ဘာမှမရပေမယ့်
အရင်ကတစ်ချိန်ကတော့ ရယူဖူးသေးတာပဲပေါ့....
သြော်...
လွမ်းရသလောက် ချစ်နေခဲ့တာမို့
ချစ်နေသလောက် လွမ်းနေရဦးမှာပေါ့လေ..



အသောက

No comments:

Post a Comment

သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..