အလို ချစ်သူ
အသင်.. ဘယ်ဆီများ ရောက်နေရော့ထင်
အခြားကုန်ပြင်မြင့်မှာလား. .
အကြောင်းတိုက်ဆိုင်လို့ သတိရှိပေမယ့်
အမှန်အားဖြင့် မေ့နိုင်စွမ်းခဲ့ပေပြီ...
အမောင်နဲ့ အသင်နဲ့
နေ့ရက်တွေ နေရပ်တွေဟာ
တစ်မိုးအောက် တစ်ဆောင်းကူးခဲ့လေပြီ.
နွေတစ်နွေစာလည်း ကူးဖြတ်ပြီးပြီပေါ့...
အခု .. အသင်.. ဘယ်မှာလဲ
အမောင်ကတော့ လူးလားမြောက်ပြီး
ဘ၀ရထားအသစ်တစ်စီးပေါ်မှာ လေဟုန်စီးနေပါတယ်..
အသင်ကတော့ အမောင့်အထင်
ရထားသစ်လေးနဲ့ ညိမ့်နေမှာပေါ့လေ..
လောကကြီးက အမှန်ကို ဘယ်တော့မှ မပြဘူး ၊ မပြောဘူးတဲ့..
လူသားတွေသာ ရှာမှီးစုဆောင်းကြပါတဲ့လေ. .
အမောင်ကတော့ ၀တ္ထုတိုတစ်ပုဒ် တင်နိုင်ခဲ့ပါပြီ..
အသင်ကကော ဘာစာစောင်တွေနဲံ့ ဘယ်နှစ်စောင်များ ရောက်သွားလေသလဲ
ဟာသ၊ အငို၊ ရသပေါင်းစုံနဲ့လား
အမောင်နဲ့ အသင်တုန်းကတော့ ဟာသတွေပဲ ဖြစ်မှာပေါ့ထင်..
လောကကြီးကတော့ အကြောင်းရာတူတဲ့
စာနှစ်စောင်ကို ကြည့်ပြီး
ရယ်နေရင်းနဲ့ မျက်ရည်တွေကျနေရဲ့..
အမောင် ကျေနပ်ပါတယ်..
အသင် ပျော်ရွှင်ရင်ပေါ့ကွယ်..
အမြဲပဲ ရယ်နိုင်ပါစေသား.......
အမောင် ဆုတောင်းပါတယ်ကွယ်...
အသောက
No comments:
Post a Comment
သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..