Home

Saturday, September 4, 2010

အတ္တတစ်ခု လင်းနေသော အမှောင်

အချိန်တွေ စကားပြောတက်ရင်
ငါ့ကို ဘာလို့ ဖြုန်းတီးနေတာလဲလို့
မေးမှာလား....
အသက်ကို စောင့်ရှောက်သူက စကားပြောတက်ရင်
ငါ့ကိုဘာ့ကြောင့် ရပ်တန့်ဖို့ကြိုးစားနေတာလဲ လို့
မေးဦးမှာလား....

ငါ ကြောက်တယ်...

ငါ ရောက်လိုရာ အရပ်ကို မရောက်ခင်
ဖြုန်းတီးမှုတွေရဲ့ ရလာဒ်နဲ့အတူ
ရပ်တန့်လိုက်ရမှာလားလို့ပေါ့...

ငါ မှားတယ်...

ကူးပြောင်းဖို့ အချိန်တွေအတွက် လမ်းတစ်ဝက်မှာ
ပျော်ရွှင်မှု အသေးစားလေးနဲ့တင်
ရစ်မူးနေခဲ့မှုတွေကိုပေါ့.. .

ငါ ဘာလုပ်ရမှာလဲလို့ တွေးသလို၊

ငါ ဘာလုပ်သင့်လဲလို့လည်း သိပါတယ်..
ဒါပေမယ့်
စားသုံးချင်တယ်..
ကြောက်ဖို့၊ မှားဖို့ကိုလေ..

ဖြစ်လိုက ဖြစ်ဆိုတဲ့ အယူသီးမှုရဲ့

ဖြစ်ချင်တဲ့ ဆံချည်ဖျားလေးက
ငါ့အနား ရစ်ဝဲနေတာကို ငါ ရင်ခုန်နေတယ်လေ..
ဘာပဲဖြစ်ဖြစ်
ရင်ထဲမှာ ငါချစ်တဲ့ သူတွေကို
အောင့်မေ့မိပါတယ်...
 
အသောက

No comments:

Post a Comment

သူငယ်ချင်းတွေအတွက် အကျိုးတစ်ခုရတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ ဒါနဲ့ သူငယ်ချင်းတို့ အမြင်လေးကော ဘယ်လိုခံစားရပါလိမ့်ဗျာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ..